Reporter တစ်ယောက်ဖြစ်တဲ့ Lily က သူ့ဘော့စ်ရဲ့ အမိန့်အတိုင်း The Imperial Hotel လို့ခေါ်တဲ့ လူသေမှုများစွာကြောင့် နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ ဟိုတယ်ကြီးဆီမှာ ညပိုင်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဟိုတယ်ကဖြစ်ရပ်တွေကို စူးစမ်းနေခဲ့ပါတယ်။ ဟိုတယ်ကြီးက ကြီးပေမယ့် နေထိုင်တဲ့သူ အတော်နည်းပါတယ်။
မနက်ပိုင်း မန်နေဂျာ vester ဆိုသူရယ် တောက်တိုမယ်ရ ပြင်ပေးတဲ့သူ Norton တို့ရယ်နဲ့ သိကျွမ်းလာခဲ့ပါတယ်။ ဟိုတယ်က ၁၄-ထပ်ရှိပေမယ့် အောက် ၇-ထပ်ပဲ သွားခွင့်ပြုထားပြီး အပေါ် ၇-ထပ်က လုံးဝ ပိတ်ထားတာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ကောင်လေးနှစ်ယောက်က live လွှင့်ရင်း ဟိုတယ်က ဖြစ်ရပ်ဆိုးဖြစ်ခဲ့တဲ့ ဓာတ်လှေကားထဲမှာ elevator game ဆော့ဖို့ ရောက်လာခဲ့ပါတယ်။ Lily ကိုယ်တိုင် CCTVကနေ စောင့်ကြည့်နေရင်းကနေပဲ ကံမကောင်းစွာနဲ့ အဆုံးသတ်မလှဖြစ်သွားပါတယ်။ ဟိုတယ်ကြီးက ကျိန်စာမိနေတာလား၊ မကောင်းဆိုးဝါးတွေပဲ ရှိနေလို့လား ဆိုတာ Lily ကိုယ်တိုင် အဖြေရှာရပါတော့တယ်။
#TheElevator #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar