What's happening?

Video Sources 1392 Views Report Error

  • The Musical Vampire (1992)Unknown resource
The Musical Vampire

The Musical Vampire

Sep. 04, 1992n/A90 Min.n/A
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

The Musical Vampire (1992)

ဟောင်ကောင် သရဲခေါင် (Jiangshi) ကားဟောင်းတွေရဲ့ ပရိသတ်ဆိုရင် ဒီကားလေးကတော့ မဖြစ်မနေ ကြည့်သင့်တဲ့ ကားတစ်ကားပါ။ 1992 က ထွက်ခဲ့တဲ့ “The Musical Vampire” က တခြားသရဲခေါင်ကားတွေနဲ့ မတူဘဲ နည်းနည်း “ဂေါက်” တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

ဇာတ်လမ်းက ဒီလိုဗျ…

ဇာတ်လမ်းအစမှာ “အရူးတစ်ပိုင်း” လို့ ပြောရမဲ့ အနောက်တိုင်းသား သိပ္ပံပညာရှင်ကြီးတစ်ယောက်ရှိတယ်။ သူက ဘာလုပ်လဲဆိုတော့ ထူးထူးဆန်းဆန်း ဓာတုဗေဒဆေးရည်တစ်မျိုးကိုသုံးပြီး ဖုတ်ကောင်အလောင်းတစ်လောင်းကို ခိုးလာခိုင်းပြီး ပြန်အသက်သွင်းဖို့ ကြိုးစားပါလေရော။

အောင်မြင်သွားလားဆိုတော့… အောင်မြင်သလိုနဲ့ မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ ဖမ်းလာတဲ့ဖုတ်ကောင်ရဲ့ နဖူးကမန္ထန်စာရွက်ကို ခွာပစ်လိုက်တော့ ဖုတ်ကောင်က အသက်ပြန်ရှင်လာလို့ပဲ။

ဒါပေမဲ့ ပြန်ရှင်လာတဲ့ကောင်က သာမန်မဟုတ်ဘူး။ “စူပါ သရဲခေါင်” ကြီးဖြစ်ပြီးတော့ စွမ်းအားတွေရသွားပြီး ခုန်လွန်း ပေါက်လွန်းနဲ့ ဘယ်သူမှ နိုင်တဲ့ကောင် မဟုတ်ဘူး။

ဒီလောက်သောင်းကျန်းနေတဲ့ကောင့်ကို နှိမ်နင်းဖို့က တော်ရုံဂါထာမန္တန်နဲ့ မရဘူးဗျ။ သူ့ကို “နည်းနည်း” လောက် ထိန်းချုပ်လို့ရတဲ့ တစ်ခုတည်းသော အရာက “ဂီတသံစဉ်”ပဲ ဖြစ်နေတယ်။ သီချင်းသံ၊ တီးလုံးသံလေး ကြားလိုက်တာနဲ့ ဒီကောင်ကြီးက ငြိမ်ကျသွားသလိုလို၊ ကချင်သလိုလို ဖြစ်သွားရော။ (ဒီကားရဲ့ နာမည်ကိုက The Musical Vampire ဆိုတော့ စဉ်းစားသာကြည့်တော့)

ဒီသရဲခေါင်ကြီးက တစ်ရွာပြီးတစ်ရွာ လျှောက်မဖျက်ဆီးခင်မှာတော့… ထုံးစံအတိုင်း ကျုပ်တို့ရဲ့ တာအိုဆရာသခင်ကြီး (Taoist Master) နဲ့ သူ့ရဲ့  မနိုင်စိန် တပည့်နှစ်ယောက်က ဒီကောင့်ကို အပြတ်နှိမ်နင်းဖို့ ကြိုးစားကြပါတော့တယ်။

သရဲကား နာမည်တပ်ထားပေမဲ့ ဟာသကို အသားပေးရိုက်ထားတာမို့ ဟောင်ကောင်ဟာသသရဲကားဟောင်းတွေရဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါ။ သရဲခေါင်ကလည်း ခုန်၊ ဂီတသံနဲ့လည်း ထိန်း၊ ဆရာတပည့်တွေကလည်း တစ်လွဲတွေလုပ်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်ဖို့အကောင်းဆုံးပါပဲဗျာ။

Mr. Vampire IV တုန်းက ဘုန်းတော်ကြီးရဲ့တပည့်မလေး “ချင်းချင်း”အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောင်ကောင်မင်းသမီးချောလေး Rachel Lee ကလည်း ဒီကားမှာ ထပ်မံပါဝင်အားဖြည့်ထားပါတယ်။ သူ့ခေတ်သူ့အခါတုန်းက အင်မတန်ချောမောတဲ့ မင်းသမီးလေးပါပဲဗျာ…

The Musical Vampire
The Musical Vampire
The Musical Vampire
The Musical Vampire
The Musical Vampire
The Musical Vampire
The Musical Vampire
Original title 音乐僵尸
IMDb Rating 5.4 10 votes
TMDb Rating 5.6 13 votes

Director

Cast

Lam Ching-Ying isUncle Master
Uncle Master
Tai Bo isLittle Three
Little Three
Wong Chi-Keung isVampire Yam Tin-Long
Vampire Yam Tin-Long
Gam Biu isVillage Leader
Village Leader
Wong Ching-Ho isUncle Deaf
Uncle Deaf

Similar titles

Summer Solstice
Hounds of War
One More Shot
Haunt Season
The Love Scam
Moana
Sons of Summer
Unfrosted
The Shadow Strays
V/H/S/ 85
Pindam
Ufff Yeh Siyapaa

Leave a comment