What's happening?

Video Sources 176 Views Report Error

  • Watch trailer
  • The Last Samurai (2003)
The Last Samurai

The Last Samurai

In the face of an enemy, in the heart of one man, lies the soul of a warrior.Dec. 05, 2003United States | New Zealand | Japan154 Min.R
         
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်းဖြစ်တဲ့ ၁၈-ရာစုနှောင်းပိုင်း ၁၈၆၀-ခုနှစ်ကာလများ…ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သင်္ဘောကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။

ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ်၊ ကုန်သွယ်မယ်၊ စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ်၊ ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေ ရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်။

ထိုအချိန်ကာလ ဂျပန်အစိုးရဟာ လွယ်လွယ်ကူကူ စာချုပ်ရေးထိုးပေးလိုက်တယ်။ ဆာမူရိုင်းတွေဟာ ဒီလိုသူရဲဘောကြောင်တဲ့ အစိုးရလုပ်ရပ်ကို မကြိုက်။ ဒါ့ကြောင့် ဆာမူရိုင်း clan တွေစုစည်းပြီး အစိုးရကိုဖြုတ်ချပြီး ခေတ်မီတဲ့ဂျပန်အစိုးရ Meji အစိုးရကို ထူထောင်ကြတယ် ။

သို့သော်လည်း Katsumoto ဆိုတဲ့ ဆာမူရိုင်းခေါင်းဆောင်ကြီးဟာ Meji အစိုးရထူထောင်ရေးလမ်းစဉ်ကို မကြိုက်နှစ်ပေ။ ငါတို့သည် ဆာမူရိုင်းများဖြစ်သည်။ ဓားကိုသာစွဲကိုင်သည်။ မီးလက်နက်များမကိုင်။ ဘယ်တော့မှအညံ့မခံ။ အသေသာခံမည် ဆိုတဲ့လမ်းစဉ်ကို လျှောက်နေကြတဲ့ katsumotoနဲ့ သူ့နောက်ပါဆာမူရိုင်းတစ်ချို့ဟာ Meji အစိုးရသစ်အတွက် ခေါင်းခဲစရာဖြစ်နေသည်။ ထို့ကြောင့် katsumotoကို ဖြုတ်ချရန်အတွက် အနောက်နိုင်ငံများမှစစ်သူရဲကောင်းတွေကိုရှာပြီး meji အစိုးရရဲ့ စစ်တပ်ကို လေ့ကျင့်ပေးရင်စီစဉ်ကြတော့တယ်။ Captain Nathan Algren အင်ဒီယန်း‌ vs အမေရိကန် တိုက်ပွဲတွေမှာ သူရဲကောင်းအဖြစ်ကျော်ကြားတဲ့ ကပ္ပတိန် နေသန် အာလ်ဂရမ်တစ်ခုသောတိုက်ပွဲမှာ အထက်အရာရှိမှ အမိန့်ကြောင့် အပြစ်ကင်းစင်‌တဲ့ မိန်းမပျို/အို တွေနဲ့ ကလေးတွေကို သတ်ပစ်ခဲ့ရတယ်။

ထိုတိုက်ပွဲအပြီးမှာ သူလုပ်ခဲ့သောလုပ်ရပ်ကိုနောင်တအရှက်ရသောကြောင့် စစ်တပ်မှထွက်ခဲ့တယ်။ ကလေးတွေကို သတ်ခြင်း၊ မိန်းမတွေကိုသတ်ခဲ့ရတဲ့မြင်ကွင်းတွေဟာ အိပ်မက်ဆိုးတစ်ခုလိုခြောက်လှန့်နေတယ် ။ တစ်နေ့ Cap Nathan Algren ဟာ Mejiအစိုးရရဲ့ ပညာရှင်၊ ခေါင်းဆောင်၊ သူရဲကောင်းစတဲ့ခေါ်ယူမှုတွေထဲက တစ်‌ယောက်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ Meji စစ်တပ်ကို လေ့ကျင့်သင်ကြားပေးရန် Nathan Algren တစ်ယောက် ဂျပန်ပြည်ကြီးဆီကိုခရီးနှင်လာခဲ့တော့တယ်။
ဒီဇာတ်ကားရဲ့နောက်ဆုံး battle ဟာဆိုရင် 1877 က တကယ်ဖြစ်ခဲ့တဲ့ စစ်ပွဲ (Seinan-war)ကို based ယူထားတာဖြစ်ပါတယ်။ တကယ့်သမိုင်းနဲ့ ရုပ်ရှင်ကွာခြားချက်က The Last Samurai အစစ်ဟာ Katsumoto မဟုတ်ဘဲ Saigo Takamori ဆိုသူဖြစ်တယ်။ နောက်ပြီး Meji စစ်တပ်နဲ့ ပူးပေါင်းပြီး သင်ကြားပေးတဲ့ Captain ဟာလည်း အမေရိကန်စစ်တပ်မဟုတ်ဘဲ ပြင်သစ်စစ်တပ်က Captain Jules Brunet ဆိုသူဖြစ်တယ်။

ဒီဇာတ်လမ်းဟာ တကယ့်ကိုသဘာဝကျကျဖန်တီးထားတယ် တကယ်သဘောကျစရာကောင်းတာက သရုပ်ဆောင်တွေအကုန်လုံးက ဂျပန်သားတွေကိုသာသုံးထားတာဖြစ်ပါတယ်။ အစကတော့ ဥရောပရောက်ဂျပန်ဖြစ်ဖြစ်၊ စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုရှိတဲ့ ကိုရီးယားနိုင်ငံသားတွေဖြစ်ဖြစ် အသုံးပြုဖို့စီစဉ်ထားတာကို ဒါရိုက်တာအပါအဝင် မင်းသားTom Cruise တို့က အပြင်းအထန်ကန့်ကွက်ကြတယ်။ ပြီးတော့ Tom Cruise ကိုယ်တိုင် ဇာတ်ကားမှာပါဝင်မဲ့ ဂျပန်သားတွေကို လနဲ့ချီ training ပေးခဲ့တယ်။ ဒါ့ကြောင့်လည်း ဒီဇာတ်ကားက ဂျပန်ကားဆိုတဲ့အရသာကိုအပြည့်အဝပေးစွမ်းခဲ့တယ်။

နောက်ထပ်ပြောစရာချင်တာက ဂျပန်စကားအခုမှလေ့လာသူတွေအတွက်လည်း ကြည့်သင့်တဲ့ movie လေးတစ်ခုပါ။ ပုံမှန်နေ့စဉ်ပြောနေကျ စကားပြောတွေထက်ကို ခပ်နှေးနှေးခပ်ပြတ်ပြတ်ပြောထားတာတွေ့ရပါတယ်။ နောက်ပိုင်း Tom Cruise ပြောတဲ့ စကားအချို့ဆို ကျွန်တော်တောင်နားလည်တယ်။

ဒီဇာတ်လမ်းက ဂျပန်နိုင်ငံအကြောင်းကို Hollywood style ရိုက်ကူးထားတယ်။ ဒါရိုက်တာကြီးကလည်း တကယ့်ကိုဆရာတစ်ဆူဖြစ်တဲ့ Edward Zwick ဖြစ်တယ်။ Blood Diamond, Jack Reacher တို့ကိုလည်း ရိုက်ကူးခဲ့တဲ့ သူလည်းဖြစ်တယ်။ ဒီဇာတ်ကားမှာသူရဲ့ရိုက်ကူးချက်အရမ်းကောင်းတယ်။ ဂျပန်ပြည်ကြီးကို ကိုယ့်နည်းကိုယ့်ဟန်မယ့်ကာကွယ်ကျမဲ့ အဖွဲ့နှစ်ဖွဲ့ Meji နဲ့ Samurai  ၊  ကြည့်ရှုသူရဲ့စိတ်က ဘယ်ဘက်ကိုမှ အလေးသာခြင်းမရှိသွားအောင်ရိုက်ကူးပြတယ်။ Samurai တွေရဲ့ Bushidoဆိုတာကို ရှင်းရှင်းလင်းလင်းရိုက်ပြသွားတယ်။ ကိုယ့်လူမျိုးကိုယ်ပြန်တိုက်နေတဲ့ Meji စစ်သားတွေဟာလည်း လမ်းစဉ်မတူလို့သာဆန့်ကျင်ကြရတယ်။ သူတို့ရဲ့ Samurai ရိုးရာကြီးကိုဘယ်လောက်ချစ်တယ်ဆိုတာ မြင်ရမယ်။

#TheLastSamurai #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Original title The Last Samurai
IMDb Rating 7.8 462,780 votes
TMDb Rating 7.577 6,390 votes

Similar titles

Leave a comment