What's happening?

Video Sources 378 Views Report Error

  • Watch trailer
  • The Monk and the Gun (2024)
The Monk and the Gun

The Monk and the Gun

Once upon a time in Bhutan...Feb. 09, 2024Bhutan | Taiwan | France | United States | Hong Kong106 Min.PG-13
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီရုပ်ရှင်အကြောင်းကိုမပြောခင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကိုသိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့။ အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။

ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ -ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။ နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘ ဒေါသ မောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ညွှန်းကိန်းဟာ ဘူတန်နိုင်ငံမှာ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ GDP ကို ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာတာပါတဲ့။
စာတွေအရ 1990 -လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကျပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက်ပြီး ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတစ်ခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။

ဆိုတော့ အပေါ်က အကြောင်းအရာတွေကို ကျွန်တော်တို့ သိထားမှာသာ ဒီရုပ်ရှင်လေးက ပေးချင်တဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ခံစားလို့ရမှာပါ။ ဆိုတော့ ဒီရုပ်ရှင်ကို Oscar ဆု စကာတင်စာရင်းဝင်ခဲ့တဲ့ “Lunana: A Yak in the Classroom” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဘူတန်လူမျိုး ဒါရိုက်တာ Pawo Choyning Dorji ရဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့ “The Monk and The Gun” နဲ့ မိတ်ဆက်ပေးပါရစေ။

ဒီရုပ်ရှင်လေးကိုတော့ ဘူတန်နိုင်ငံရဲ့ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ကာလဖြစ်ခဲ့တဲ့ ၂၀၀၆ – ခုနှစ်ဝန်းကျင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ရုပ်ရှင်လေးလို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့ ဘူတန်နိုင်ငံရဲ့ သဘာဝအလှတွေအပြင် ဘူတန်လူမျိုးတွေရဲ့ ပွင့်လင်းရိုးသားဖြူစင်မှုတွေကို အထင်းသားတွေ့မြင်နိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ့ ၂၀၀၆ -ခုနှစ်တာကာလမှစပြီး ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ ကာလာဖြစ်ပါတယ်။

ဒီရုပ်ရှင်လေးမှာတော့ သူတို့ဘူတန်နိုင်ငံမှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲကြီးအတွက် တစ်ခါမှမဲပေးခဲ့ဖူးခြင်းမရှိတဲ့ တောရွာက ပြည်သူတွေကို အစမ်းရွေးကောက်ပွဲလုပ်ပေးတာမျိုးလေးတွေ၊ အဲဒီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွာသားတွေ၊ ဘုန်းကြီးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ဟာသလေးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဒါရိုက်တာက ချပြထားပါတယ်။
အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တစ်လက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တစ်ဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းနဲ့အတူ စီးမြောပြီး ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

#TheMonkandtheGun #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

The Monk and the Gun
The Monk and the Gun
Original title The Monk and the Gun
IMDb Rating 7.3 988 votes
TMDb Rating 7.5 2 votes

Similar titles

The Bodyguard 2
The Moon
Junction
Hot Milk
The Stone
The 8th Day
Blood Brothers: Dragon’s Embers
To Barcelona, Forever
Time to Hunt
Moana 2
Akelli
Showroom

Leave a comment