
The Plot of Fire (2024)
ဒီတစ်ခါမှာတော့ တရုတ်ရိုးရားတစ်ခုဖြစ်တဲ့ မီးတောက်သွင်းတဲ့ပညာကို ပုံဖော်ရိုက်ကူးထားတဲ့သိုင်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် မင်ပြည်ရဲ့ခြုံလွှာကိုယ်ရံတော် ချီထုဦးဆောင်တဲ့ကိုယ်ရံတော် ၅-ဦးက ချောင်ပြည်နဲ့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိန်မိဖုရားကို ဆက်သပို့ဆောင်ပေးတာကနေ အစချီထားပါတယ်။
စစ်ပွဲခေတ်ကာလဖြစ်တာကြောင့် မဟာမိတ်ဖွဲ့ဖို့ဆိုတာလွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ပါဘူး၊ ထုံးစံအတိုင်းပါပဲ၊ သူတို့တွေ လှည့်ကွက်ထဲကိုဝင်သွားခဲ့ပါတယ်၊ နောက်ဆုံးသူတို့ ၅-ဦးနဲ့ မိန်းမိဖုရားပဲ အသက်ရှင်လျက် ချောင်ပြည်ကနေ ထွက်ပြေးလွတ်မြောက်ပြီး တောင်တွေဝန်းရံထားပြီး ဝင်တိုက်ဖို့ခက်ခဲတဲ့ ယန်ရွာလေးမှာယာယီနေရင်း ချောင်စစ်တပ်ကို ပုန်းရှောင်နေရင်းမှာတင်ပဲ သူတို့နေတဲ့ရွာလေးကို
အင်အားကြီးမားလာတဲ့ဂျပန်ဓါးပြတွေက တိုက်ခိုက်လာပါတော့တယ်။
အခက်ခဲတွေမျိုးစုံကို အဖက်ဖက်ကနေ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ သူတို့တွေ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမှာလဲ၊
တရုတ်ပြည်ရဲ့တိမ်မြှုက်နေတဲ့ မီးတောက်သွင်းအတတ်ပညာကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့လို့ စိတ်ဝင်စားစဖွယ်ကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။