What's happening?

Video Sources 340 Views Report Error

  • Watch trailer
  • Turn Me On (2024)
Turn Me On

Turn Me On

Feel something. Change everything.Nov. 06, 2024United States99 Min.n/A
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲအစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လိုယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါးတစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲအစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။

Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲအစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ်ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

Turn Me On
Turn Me On
Turn Me On
Turn Me On
Turn Me On
Original title Turn Me On
IMDb Rating 5.6 476 votes
TMDb Rating 6.429 7 votes

Director

Cast

Similar titles

Under Your Bed
Natalie
Bloody Beggar
10DANCE
HER: Chapter 1
Close To Me
Blood Vessel
Marty Supreme
Heaven Down Here
Tuhog
Furiosa: A Mad Max Saga
Are You Ok Baby?

Leave a comment