Miniatur Wunderland လိုခေါ်တဲ့ ဂျာမနီ ဟန်းဘတ်မြို့က ဂင်းနစ်စံချိန်ဝင်ထားတဲ့ ရထားသံလမ်းမော်ဒယ် တည်ဆောက်ကြတဲ့ အမြွှာ၂-ယောက်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ သာမန်သာကြည့်ရင် အရုပ်သေးသေးလေးတွေလိုထင်ရတဲ့ မော်ဒယ်ပုံစံလေးတွေကိုလည်း Braun အမြွှာနှစ်ယောက်နဲ့ သူတို့ team က အချိန်တွေအများကြီးပေးပြီး
အသေးစိတ်ကျကျ ပုံဖော်ရပါတယ်။
ဒီရုပ်ရှင်ထဲမှာတော့ Wunderland ကို ဂျာမနီမှာတင်မဟုတ်ပဲ တောင်အမေရိက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာပါ ဆောက်ဖို့ပြင်ဆင်ကြတာတွေပါ ရိုက်ကူးထားပါတယ်။
ဘာသာစကားမတူ ယဥ်ကျေးမှုမတူပဲ တောင်အမေရိကသားတွေနဲ့ ဂျာမန်တွေ
အလုပ်ကို ချစ်စိတ်တစ်ခုတည်းနဲ့ ရီယိုမြို့မှာ Wunderland အကောင်အထည်ပေါ်ဖို့
၂ – နှစ်လောက်အတူကြိုးစားကြတာကို ကြည်နူးဖွယ်ကြည့်ရမှာပါ။
ကမ္ဘာမှတ်တမ်းဝင်အရာတစ်ခုဖြစ်လာဖို့ အချိန်တွေ ပိုက်ဆံတွေအပြင် စိတ်အားထက်သန်မှုတွေအများကြီးနဲ့ အလုပ်လုပ်နေကြတဲ့ Wunderland Team က နောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်…
#Wunderland #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames