The Boys

The Boys

Jul. 25, 2019
Your rating: 0
0 0 votes
JBBKX ads banner

Seasons and episodes

1Season 1 Jul. 25, 2019
2Season 2 Sep. 03, 2020
3Season 3 Jun. 02, 2022

Creator

Cast

Jack Quaid isHughie Campbell
Hughie Campbell
Karl Urban isBilly Butcher
Billy Butcher
Antony Starr isJohn Gillman / Homelander
John Gillman / Homelander
Erin Moriarty isAnnie January / Starlight
Annie January / Starlight
Laz Alonso isMother's Milk
Mother's Milk
Chace Crawford isKevin Moskowitz / The Deep
Kevin Moskowitz / The Deep
Tomer Capone isFrenchie
Frenchie
Nathan Mitchell isBlack Noir
Black Noir

Video trailer

Synopsis

Amazon Prime ရဲ့ The Boys TV Series ကိုတော့ အားလုံးပဲသိကြမယ်ထင်ပါတယ်။

အခုဒီ TV series နဲ့ပက်သက်ပြီးပြောချင်တာလေးတွေရှိလာလို့ပါ။
ကဲဆိုတော့ကားစကြတာပေါ့။

ကျွန်တော်တို့အနေနဲ့ The Boys Series မထွက်ခင် The Boys Comics တွေကို Dynamite Entertainment မှာဖတ်ဖူးသူတွေရှိပါလိမ့်မယ်။

ဒါမှမဟုတ်လည်းseris ထွက်မှ series ကိုသဘောကျလို့ Comic ဖက်လိုက်စားသူများလည်းရှိပါလိမ့်မယ်။

The Boys TV series season 1 ဟာ July ,26 , 2019 မှာ Release လုပ်ခဲ့တာဖြစ်ပြီး Amazon Prime ရဲ့ အအောင်မြင်ဆုံး series တစ်ခုအနေနဲ့ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် R-rated TV series ထဲမှာ အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။

အခုဆို Rotten Tomatoes 90%
IMDB 8.7 /10 အထိရရှိထားတာဖြစ်ပြီး

ဝေဖန်သူများရဲ့ကြိုက်နှစ်သက်မှုကို အများဆုံးရရှိထားတာဖြစ်ပါတယ်။

ဒီတော့ cast အပိုင်းကနေစရအောင်…

Billy Butcher အနေနဲ့ သရုပ်ဆောင်တဲ့ Karl Urban ဟာဆိုရင်တော့ နာမည်ကြီး film တွေထဲမှာအများအပြားသရုပ်ဆောင်ခဲ့တဲ့သူ
Lord of the rings :the return of the king
Lord of the rings :The two tower
Thor: Ragnarok
Dredd (2012)
အစရှိတဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်လာတဲ့သူတစ်ယောက်မလို့ Billy Butcher Role ဟု သူနဲ့ perfect ပဲဖြစ်ပါတယ်။

Homelander (Antony Starr) ဟာဆိုရင်လည်း လိုက်ဖက်ပါတယ်။
Hughie (Jack Quiad) ဟာဆိုလည်း သူ့ role ကိုအကောင်းဆုံးသရုပ်ဆောင်ပေးနေတာပါပဲ။
ထို့နောက် The Seven Member Cast တိုင်းဟာလည်း သူ့role အလျှောက်ကောင်းမွန်စွာသ‌ရုပ်ဆောင်ထားပါတယ်။
Team Butcher အဖွဲ့သားတိုင်းဟာလည်းကောင်းမွန်စွာသ‌ရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ဆိုတော့ကားCast ပိုင်းကperfect ပေါ့။

နောက်တစ်ချက်ကတော့ outfit တွေပါ..
The boys ထဲမှာTeam Butcher ကစပြီး The Seven အထိ suit တွေသေချာသေသပ်ပြီး comic accurate ဖြစ်တာကို‌တွေ့မြင်ရမှာပါ။
The Deep က‌တော့ချွင်းချက်ပေါ့ သူ့အနေနဲ့ကောမစ်ထဲကလိုsuit ကြီးကိုဆင်ရင်မသင့်တော်ဘူးလို့ကျွန်တော်မြင်ပါတယ်။

နောက်တစ်ချက်ကတော့ comic ထဲကလိုဇာတ်အိမ်တည်ဆောက်ပုံမျိုး…

ဒါကတော့The Boys Comic ထဲကနဲ့ 50 ရာခိုင်နှုန်းတူညီပါတယ်။ အခု early season တွေမှာပေါ့။ တစ်ချို့က comic နဲ့ မတူဘူး လိုအပ်တာတွေရှိတယ် ဘာညာပြောနေကြပါတယ်။ တကယ်ဆို comic ထဲကတော့ ဇာတ်အိမ်ထဲ ငြီးငွေ့ပြီး ရှည်နေမှာမျိုးတွေ Live-Action Series မှာမဖြစ်သင့်ပါဘူး။ အခုလိုဇာတ်အိမ်နဲ့တင်လုံလောက်နေပြီပဲဖြစ်ပါတယ်။ comic ဖတ်ဖူးသူတွေအနေနဲ့ comic ထဲဘယ်လိုတောင်ကြမ်းကြလဲဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။

နောက်ထပ်က တစ်ချို့ character တွေ sidekick လိုဖြစ်နေတာဖြစ်သင့်လား?

ဒီတစ်ချက်လည်းလက်ခံသင့်ပါတယ်။ The Boys Series အနေနဲ့ မူလ main characterတွေ ဖြစ်တဲ့ The Seven နဲ့Team Butcher ကိုဦးစားပေးတာဖြစ်သင့်ပါတယ်။ supes တွေ အသစ်တွေထည့် ပြီး သတ်ပစ်နေတာက the seven member တွေကို early season မှာ risk မဖြစ်စေချင်လို့ဆိုတာပါပဲ။

အခုseaosn 2 မှာ characterတွေ တော်တော်ပါလာတာကိုသတိထားမိမှာပါ။ ဥပမာ love sausage တို့ဘာတို့ပေါ့။ သူတို့ကိုတော့ပြန်မြင်ရဖို့များတယ်။
ဒီတော့ main character ဦးစားပေးတဲ့ plot အနေနဲ့ တစ်ချို့ character တွေsidekick ဖြစ်တာမပြောပလောက်ပါဘူး။

ဒါတွေအပြင် the boys series ဟာ R-rated Series အနေနဲ့ သွေးထွက်သံယို တွေကိုစိတ်ကျေနပ်ပြီး မုန်းလောက်အောင်ကိုထည့်ထားပေးပါတယ်။effect ပိုင်းလည်းပြောစရာမရှိပါဘူး။

ရယ်ရတဲ့ ရသတွေ အသွင်မတူတဲ့ superheroes တွေ ၊
ကျွန်တော်တို့ ရင်းနှီးပြီးသား marvel & Dc superheros တွေနဲ့ ကွဲထွက်နေတာမျိုးတွေ များစွာခံစားရတာပဲဖြစ်ပါတယ်။

Trolls တာတွေရော Sex Scene တွေရောအစုံမှအစုံပေါ့။

ဆိုတော့ ဒီလိုseries တစ်ခုတစ်ခုဟာ ကျွန်တော့်ကိုတော့စိတ်ကျေနပ်မှုပေးစေပါတယ်။ အားလည်းရပါတယ်။
Episodeတိုင်းကလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်။

မကြည့်ရသေးသူရှိရင်ကို မတူညီတဲ့superheros tasteတစ်ခုကိုခံစားရမှာဖြစ်လို့ကြည့်သင့်ပါတယ်။

Source – ZEUS

The Boys
The Boys
The Boys
The Boys
The Boys
The Boys
The Boys
The Boys
The Boys
The Boys
Original title The Boys
TMDb Rating 8.47 8,570 votes
First air date Jul. 25, 2019
Last air date Jul. 07, 2022
Seasons 4
Episodes 26
Average Duration 60 minutes

Similar titles

Black Mirror
From
Gen V
The Walking Dead: Dead City
High School Return of a Gangster
Prison Break
Loki
Secret Invasion
Echo

Leave a comment