What's happening?

Video Sources 581 Views Report Error

  • Watch traileryoutube.com
  • Rumble Through the Dark (2023)Unknown resource
Rumble Through the Dark

Rumble Through the Dark

There is no in between.Nov. 03, 2023United States116 Min.R
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

“You either die a hero or live long enough to see yourself become the villain.” ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့… နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် တခြားကားကောင်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါပဲ။ တခြားမတွေးပါနဲ့ နိုလန်ခေါ်သုံးခံရတဲ့ထဲ ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ယောက်မှ မရှိပါဘူး။
ဒီကားကတော့ အဲဒီ ဟာဗီးဒန့်ကြီး Aaron Eckhart ရဲ့ ဒီနှစ်ထွက် အက်ရှင်ရုပ်ရှင်အသစ်ပါ။ ရိတ်တင်ဘာညာလည်းမဆိုးလှပါဘူး။ ဒါကိုမှ ရုပ်လေးနဲ့ လုပ်စားလို့ကောင်းတဲ့ နာမည်ကြီး Midnight Sun ဇာတ်လမ်းထဲက မင်းသမီး Bella Throneပါ ထပ်ဖြည့်ပေးထားတော့ ဒီကားက စိတ်ပြေလက်ပျောက်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေ အက်ရှင်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ထားတာကလည်း နာမည်ကြီးကုမ္ပဏီ Lionsgate ကနေပါ။
အက်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို တော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးကြပြီး Aaron ကိုလည်း ဒီရုပ်ရှင်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ ချီးကျူးထားကြပါတယ်။

ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။ အ​ကြွေး​တွေကို အကုန်ပြန်ဆပ်ပြီး အ​မေ့​ရဲ့ ​နောက်ဆုံးခရီးမ​ရောက်ခင် အိမ်​လေးကိုပြန်ဝယ်ပြီး ထား​ပေးချင်တဲ့ ဖိုက်တာ ဂျက် တစ်​ယောက်ရဲ့ ​နောက်ဆုံးထိုးသတ်ပွဲကို ရိုက်ပြထားတာပါ။ အထိုးအနှက်​တွေကို ​သေချာ​လေးရိုက်ပြထားပြီး ​သွေးထွက်သံယိုခန်း​တွေအများကြီးပါတာ​ကြောင့် အကြမ်းအတမ်းကြိုက်တဲ့သူ​တွေကြည့်သင့်တဲ့ကားကောင်းတစ်ကားဆို မမှားပါဘူး။

#RumbleThroughtheDark #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Rumble Through the Dark
Rumble Through the Dark
Original title Rumble Through the Dark
IMDb Rating 6.3 1,475 votes
TMDb Rating 7.375 8 votes

Similar titles

Just Play Dead
The Accountant²
The Night They Came Home
Sharp Teeth
The Batman
From the Ashes
Exiled
Sambhavam Adhyayam Onnu
An Enemy Within
Mutiny
Atlas King
Heads of State

Leave a comment