What's happening?

Video Sources 376 Views Report Error

  • Watch traileryoutube.com
  • Just Play Dead (2026)Unknown resource
Just Play Dead

Just Play Dead

Til death do they part.Aug. 28, 2026GB97 Min.
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Just Play Dead (2026)
+++++++++++

ဒီဇာတ်ကားကတော့ Neo-Noir Crime, Mystery နဲ့ Psychological Erotic Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ Casino Royale နဲ့ The Mask of Zorro တို့ကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ Martin Campbell က ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်တွေအဖြစ် မင်းသားကြီး Samuel L. Jackson, မင်းသမီး Eva Green, စပိန်မင်းသမီးချော María Pedraza နဲ့ မင်းသား Eoin Macken တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ ဆန်မီဂွယ်လို့ ခေါ်တဲ့ ကျွန်းငယ်လေးပေါ်မှာ စီးပွားရေးလောကရဲ့ မသမာမှုတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ ကြီးစိုးထားတဲ့ ဝါရင့် ရာဇဝတ်ဂိုဏ်းချုပ်ကြီး Jack Wolfe (Samuel L. Jackson) နဲ့ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဇနီးသည် Nora (Eva Green) တို့ဆီကနေ စတင်ပါတယ်။

အစိုးရရဲ့ အဖမ်းအဆီး အရေးယူမှုဘေးကနေ လွတ်မြောက်ဖို့နဲ့ ဒေါ်လာ သန်း ၃၀ တန် အာမခံကြေးကို အပိုင်ရယူနိုင်ဖို့အတွက် Jack ဟာ သူကိုယ်တိုင် သေချင်ယောင်ဆောင်မဲ့ လျှို့ဝှက်အကြံဆိုးကြီးကိုထုတ်ပြီး ဇနီးသည်ရဲ့ လင်ငယ် ကောင်လေး Chad ကို လူသတ်သမားအဖြစ် အမှုဆင်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ Jack ရဲ့ ချုပ်ကိုင်မှုအောက်ကနေ လွတ်မြောက်ချင်နေတဲ့ Nora ကလည်း Jack ကို တကယ်သတ်ပြီး အာမခံငွေ အကုန်လုံးကို အပိုင်သိမ်းဖို့ ကိုယ်ပိုင် အကွက်ဆင်လာပါတော့တယ်။

အဲဒီ အန္တရာယ်များလှတဲ့ ကစားပွဲထဲကို Nora ကို စွဲလမ်းနေတဲ့ ဒေသခံ စုံထောက် Danny အပြင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Bianca (María Pedraza) တို့ပါ ကြားညပ် ပါဝင်လာတဲ့အခါ အချင်းချင်း သံသယတွေ၊ အဆိပ်ခတ်မှုတွေ၊ ဗုံးခွဲမှုတွေနဲ့အတူ ကျွန်းတစ်ခုလုံး သွေးထွက်သံယို ဖြစ်လာပါတော့တယ်။

ဘယ်သူက ဘယ်သူ့ကို သစ္စာဖောက်ပြီး နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာ မသိနိုင်တဲ့ အသက်လု လှည့်ကွက်တွေကြားကနေ အပြိုင်အဆိုင် အကွက်ရွှေ့ကြရတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒါရိုက်တာ Martin Campbell ရဲ့ လက်ရာပီသစွာ တင်းမာမှု (Tension) အပြည့်နဲ့ ရိုက်ကူးထားသလို၊ မင်းသားကြီး Samuel L. Jackson ရဲ့ သွေးအေးရက်စက်တဲ့ ဉာဏ်ကြီးရှင် စရိုက်နဲ့ Eva Green ရဲ့ ပရိယာယ်ကြွယ်ဝတဲ့ Femme Fatale သရုပ်ဆောင်ချက်တွေ အပြိုင်အဆိုင် ပေါင်းစပ်ထားတာပါ။

ကြိုတင်မခန့်မှန်းနိုင်တဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ လူသားတွေရဲ့ လောဘ၊ ကောက်ကျစ်မှုတွေကို အသားပေး ဖော်ပြထားတာကြောင့် Crime Suspense ဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Just Play Dead
Just Play Dead
Just Play Dead
Just Play Dead
Just Play Dead
Just Play Dead
Just Play Dead
Just Play Dead
Original title Just Play Dead
TMDb Rating 7.4 10 votes

Director

Cast

Similar titles

Guy Ritchie’s The Covenant
Night Shift
Speak No Evil
ČERNÁK
A Family of Bastards
Senzano Savana
Dust Bunny
Lost in Perfection
Nishaanchi
Folk Legends: The Water Monkeys
Rumble Through the Dark
Tales of Babylon

Leave a comment