What's happening?

Video Sources 424 Views Report Error

  • Watch trailer
  • Captain Phillips (2013)
Captain Phillips

Captain Phillips

Out here survival is everything.Oct. 10, 2013United States | United Kingdom | Malta134 Min.PG-13
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။ အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။

ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ဝါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။ Barkhad Abdi ဟာဆိုရင် Audition မှာ လူပေါင်း (၇၀၀) လောက်ထဲကမှ အရွေးခံရတဲ့သူဖြစ်ပါတယ်။ IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသောဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန်ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ …Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင်သင်္ဘောကြီးဟာ Oman သင်္ဘောဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂-စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂-စီးမှာ ၁-စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သင်္ဘောနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်…

နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄-ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သင်္ဘောပေါ်ကိုရောက်လာခဲ့ပါတယ်…တခြားသင်္ဘောသားများကို အင်ဂျင်ခန်းထဲမှာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂-ယောက်ပါပဲ… သင်္ဘောကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်…

တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သင်္ဘောသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃-သောင်းကိုယူကာ သင်္ဘောပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…

ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။

ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…

သင်္ဘောနားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သင်္ဘောပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒီနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒီကနေတက်လာဖို့ကြိုးစားတော့ သင်္ဘောသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သင်္ဘောပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတရံမှာ သင်္ဘောသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ)

ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒီထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..

နောက်တစ်ခန်းက သင်္ဘောစက်ပိတ်လိုက်လို့ လူဆိုးတွေက သင်္ဘောသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လည်း ကြောက်နေမှာပဲ၊ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ…

အဲဒီအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒီအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလည်း အပြိုင်အဆိုင် ရုန်းရင်းဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…

နောက်တစ်ချက်က အသက်ကယ်သင်္ဘောပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး…

ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒီအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်…

Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်…

ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး၊ ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။

 

(ရုပ်ရှင်အညွှန်းကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှ ကူးယူဖော်ပြပါသည်။)

Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Captain Phillips
Original title Captain Phillips
IMDb Rating 7.8 507,908 votes
TMDb Rating 7.539 7,072 votes

Director

Cast

Tom Hanks isCaptain Richard Phillips
Captain Richard Phillips
Michael Chernus isShane Murphy
Shane Murphy
Corey Johnson isKen Quinn
Ken Quinn
Chris Mulkey isJohn Cronan
John Cronan
Yul Vazquez isCaptain Frank Castellano
Captain Frank Castellano

Similar titles

Zero Dark Thirty
The Lord of the Monsters
The Legend of the Condor Heroes: The Great Hero
Her Hobby
The Accountant²
Cruel War
Borderlands
Puss in Boots: The Last Wish
F-Buddies
The Wonderful Story of Henry Sugar and Three More
Get Close 2
Guardians of the Galaxy Vol. 3

Leave a comment