What's happening?

Video Sources 761 Views Report Error

  • Watch traileryoutube.com
  • Boléro (2024)Unknown resource
Boléro

Boléro

The Ravel MysteryMar. 06, 2024n/A120 Min.n/A
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Boléro (2024)
IMDb Rating (6.6)
ပြင်သစ် သီချင်းရေးဆရာကြီး Maurice Ravel ရဲ့ ဘဝနဲ့ သူ မသေဆုံးခင်မှာ Ida Rubinstein ဆိုသူ ဘဲလေးကချေသည်အမျိုးသမီးအတွက် ရေးပေးခဲ့တဲ့ နာမည်ကြီး Boléro ဆိုတဲ့ တေးသွားကို ရေးစပ်ခဲ့ပုံကို Director Anne Fontaine က ရိုက်ကူးထားတာပါ။

Maurice Ravel ရေးစပ်ခဲ့တဲ့ Boléro တေးသွားဟာ ၁၇-မိနစ် ကြာမြင့်ပြီး ၁-မိနစ်စာ တေးသွားကို ၁၇-ခါပြန်ကျော့ထားတာလည်းဖြစ်ပါတယ်။ အောင်မြင်မှုအနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာလည်း လူမျိုးပေါင်းစုံ ယဥ်ကျေးမှုပေါင်းစုံက တင်ဆက်မှုအမျိုးမျိုးနဲ့ ဒီတေးသွားကိုပြန်လည် တီးခတ်ထားကြပါတယ်။

ဇာတ်လမ်းအစမှာ Maurice ဟာ သူ့မိတ်ဆွေ ဘဲလေးကချေသည် Ida ကို စက်ရုံတစ်ခုကို ခေါ်သွားပြီး စက်ရုံက ဆူညံသံတွေက သူ့အတွက်တေးဂီတဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ Ida နဲ့ Maurice ဟာ 1927 ခုနှစ်ဧည့်ခံပွဲတစ်ခုမှာတွေ့ဆုံခဲ့ပြီး Ida ရဲ့ ဘဲလေးကဇာတ်အတွက် Maurice ကို သီချင်းတစ်ပုဒ်ရေးစပ်ခိုင်းခဲ့တာပါ။ ပုံမှန်ဆို Mauriceဟာ စိတ်ကူးတစ်ခု ရဖို့ ၁၀စုနှစ် တစ်ခုလည်း ကြာရင်ကြာသွားတတ်ပြီး သူ့ရဲ့ အနုပညာဟာ အချိန်အကြာကြီး လိုအပ်ကြောင်း အမေရိကား နယ်လှည့်ဖျော်ဖြေပွဲမှာ စာနယ်ဇင်းသမားတွေကို ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကားက ပြန်ရောက်ရောက်ချင်း Ida က Maurice ကို တေးသွားတစ်ပုဒ်စပ်ဖို့ ၂-လပဲ အချိန်ပေးခဲ့ပါတယ်။ အဲ့ဒီ ၂-လမှာ စိတ်ကူးတွေ အကြံဉာဏ်တွေပေါ်လာအောင် ကမ်းခြေဘက်လည်း ခရီးသွားခဲ့ပေမဲ့ ၂-ပတ်လောက် အလိုအထိကို ဘာမှမရေးမစပ်နိုင်ခဲ့ပါဘူး။

သို့ပေမဲ့လည်း သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာ ဂန္တဝင်တေးသွားတစ်ပုဒ်ဖြစ်တဲ့ Boléro က Ida Rubinstein ရဲ့ ဘဲလေးကဇာတ်ကနေ မွေးဖွားလာခဲ့ပါတယ်။ Maurice Ravelဟာ သူ့ဘဝ နေဝင်ချိန်မှာ ဦးနှောက် အာရုံကြောရောဂါကို ခံစားခဲ့ရပြီး သီချင်းမရေးနိုင်၊ ဘာကိုမှ မမှတ်မိတော့တဲ့ အချိန်မှာ သူရေးစပ်ခဲ့တဲ့ Bolero ကိုတောင် မမှတ်မိတော့ပါဘူး။ ဒါပေမဲ့လည်း သူဟာ နောက်ဆုံးအချိန်ထိ သူ့အာရုံနဲ့ စိတ်ဝိဥာဥ်ကို တေးဂီတထဲမှာ မြှုပ်နှံခဲ့တဲ့ ပညာရှင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။

Boléro
Boléro
Boléro
Boléro
Boléro
Boléro
Original title Boléro
IMDb Rating 6.6 10 votes
TMDb Rating 6.5 52 votes

Director

Cast

Raphaël Personnaz isMaurice Ravel
Maurice Ravel
Doria Tillier isMisia Sert
Misia Sert
Jeanne Balibar isIda Rubinstein
Ida Rubinstein
Emmanuelle Devos isMarguerite Long
Marguerite Long
Sophie Guillemin isMadame Rouveleau
Madame Rouveleau
Anne Alvaro isLa mère de Maurice Ravel
La mère de Maurice Ravel
Mélodie Adda isLa jeune prostituée
La jeune prostituée
Florence Ben Sadoun isLa mère maquerelle
La mère maquerelle

Similar titles

Escape to Victory
Donselya
Will
Blood Brothers: Dragon’s Embers
You Can’t Win
Segredos
Anora
Réveillon
The Girl Who Played with Fire
Lone Samurai
Harom Hara
Hiraya

Leave a comment