What's happening?

Video Sources 221 Views Report Error

  • Zenigata Heiji (2026)Unknown resource
Zenigata Heiji

Zenigata Heiji

Mar. 23, 2026Japan89 Min.
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Zenigata Heiji (2026)

ပြောရမယ်ဆို ဒီ ဟဲအိဂျီ (Heiji) ဆိုတဲ့ ဇာတ်ကောင်က ဂျပန် ရှားလော့ဟုမ်းလို့ ပြောလို့ရပါတယ်။  သူကတော့ အရှေ့တိုင်းကဆိုတော့ တိုက်ခိုက်တာက ဒင်္ဂါးပြားနဲ့ ပစ်တာတို့ Jitte ဆိုတဲ့ သံတုတ်တိုလေး သုံးပြီး ချတာမျိုးတွေ ထူးခြားတာပေါ့။

နာမည်ကျော် ဂျပန်စာရေးဆရာကြီး Kodō Nomura က ၁၉၃၁ ခုနှစ်မှာ မွေးဖွားပေးလိုက်ပြီး ရုပ်ရှင်တွေ ပြဇာတ်တွေ စီးရီးတွေ အများအပြား ထွက်ရှိထားတဲ့အပြင် Lupin တို့ Conan တို့လို Anime ထဲမှာလည်း Reference ထည့်ရတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

၁၉၆၀ ကျော်က စီးရီးကတော့ နာမည်အကြီးဆုံးဖြစ်ပြီး အပိုင်း ၈၈၈ ပိုင်းလုံး ပင်မဇာတ်ကောင်နေရာကို သရုပ်ဆောင်တစ်ဦးတည်းက သရုပ်ဆောင်ခဲ့တာမို့ ဂင်းနစ်စံချိန်တောင် ဝင်ခဲ့ပါသေးတယ်လို့ ဆိုတယ်။ အဲဒီလိုပြောလို့ ဒီကားကို စီးရီးတွေမကြည့်ဖူးပဲ ကြည့်လို့ဖြစ်ပါ့မလားဆိုပြီး မစိုးရိမ်ပါနဲ့။ တစ်ပိုင်းတစ်မှု တစ်ဇာတ်လမ်း ပုံစံလေးတွေမို့ ဒီ TV Special ဇာတ်ကားမှာလည်း စုံထောက်ကြီး ဟဲအိဂျီနေရာမှာ ဂျပန်အိုင်ဒေါ မင်းသား Kamenashi Kazuya က သရုပ်ဆောင်ပေးထားပြီး တခြားအမှုတစ်ခုကို ဖြေရှင်းတဲ့ပုံစံမျိုးပါပဲ။

ဇာတ်လမ်းလေးပြောရမယ်ဆို တစ်ရက် ဟဲအိဂျီတို့ မြို့ထဲမှာ နတ်ကွန်းထဲ လူတစ်ယောက်ကို လုယက်ထားပြီး သတ်ဖြတ်ထားတဲ့အမှုတစ်ခု ဖြစ်တယ်။ ထုံးစံအတိုင်း မျက်စိလျင်တဲ့ ဟဲအိဂျီကတော့ ပိုက်ဆံတွေပါသွားပေမဲ့ စာရွက်အပိုင်းအစတစ်ခု မပါလို့ ကြည့်ရာကနေ အဲဒါက ဧကရာဇ်မင်းရှိတဲ့ Edo ရဲတိုက်ရဲ့ ပုံစံနမူနာ မြေပုံအကြမ်းဖြစ်နေလို့ သိမ်းထားလိုက်ပြီး သာမန်လူသတ်မှု မဟုတ်မှန်း ရိပ်မိသွားတယ်။

အဲဒီမှာတင် သူတို့မြို့မှာလည်း နယ်လှည့်ဇာတ်အဖွဲ့တစ်ခု ရောက်နေသေးတယ်။ ဒီဇာတ်ထဲက အဆိုကျော် ဇာတ်သမလေးတစ်ယောက်ဆို ယောက်ျားတိုင်းရဲ့ အသည်းစွဲတောင် ဖြစ်နေသေးတယ်။

ဒီတော့ ဒီသာမန်မဟုတ်တဲ့ လူသတ်မှုကနေ ဒီ နယ်လှည့်ဇာတ်အဖွဲ့နဲ့ ဘယ်လိုတွေဆက်စပ်ပြီး နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေ ရှိနေပြီး လူသတ်တရားခံက ဘယ်သူလဲဆိုတာကို စုံထောက်ကျော်ကြီး ဟဲအိဂျီတစ်ယောက် သူ့လက်ထောက်လေးနဲ့အတူ ဘယ်လိုတွေ ဉာဏ်ကစားပြီး ဖြေရှင်းဖော်ထုတ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်လို့ အားပေးကြပါဦးဗျာ….။

Zenigata Heiji
Original title 銭形平次

Director

Cast

Kazuya Kamenashi isHeiji Zenigata
Heiji Zenigata
Tomoya Oku isHachigoro
Hachigoro
Takenori Goto isManshichi
Manshichi
Katsumi Takahashi isShinzaburo Sasano
Shinzaburo Sasano
Toshinori Omi isShinzo Mitaniya
Shinzo Mitaniya

Similar titles

Sila Nodigalil
What We Hide
The Hand That Robs the Cradle
None Shall Escape
Vengeance: A Love Story
Manodrome
Detective Dee and Resurrection from the Dead
Fight Through The Yin-Yang House
Suzuki=Bakudan
Cradle of Deception
Ae Watan Mere Watan
The Journey to Gyeong-ju

Leave a comment