
Ordinary People (2018)
************************
IMDb Rating : 6.1/10
မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ဇာတ်ကောင်တွေမှာပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို
တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအညွှန်း
လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။ သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။
အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီးနှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေသလဲဆိုတာကိုဖော်ထုတ်သွားကြမဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် Kim Sae-ron လေးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြည့်ကြပါဦးနော်။