
Keep Real (2026)
စူပါဟီးရိုးကားဆိုတာနဲ့ အင်္ဂလိပ်ကားတွေပဲ သတိရမိကြတယ်ဟုတ်…အခုတော့ တရုတ်သဘာဝလွန် စူပါဟီးရိုးကားကို တင်ဆက်ပေးထားပါတယ်… ရိုးရိုးလေးကြည့်ရင်တော့
အတော်ရယ်ရတဲ့ ပေါကားလို့ မြင်နိုင်ပေမဲ့ နှလုံးသားနဲ့ ခံစားပြီးကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ ခေတ်ကာလနောက်ကို အမှီလိုက်ရင်း မိမိတို့ကိုယ်ပိုင်ဘဝကို ပျောက်ဆုံးလာတဲ့
လူငယ်တစ်စုရဲ့ဘဝကို ထင်ဟပ်နေတယ်ဆိုတာ ခံစားမိလာစေမယ့် ဇာတ်ကားလေးပါ…
“အင်အားကြီးမားတဲ့ စွမ်းအားထက် လူသားတစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ သတ္တိက ပိုအရေးကြီးတယ်။”
ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရမယ်ဆိုရင်တော့…
စူပါပါဝါပိုင်ဆိုင်ထားသူတွေနဲ့ လူသားတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ စူပါဟီးရိုးအဖွဲ့အကြောင်းကို ဟာသ၊ အက်ရှင်နဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်အိမ်တို့ ပေါင်းစပ်ပုံဖော်ထားတဲ့
ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..
လွန်ခဲ့တဲ့ နှစ် ၃၀ က ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေမုန်တိုင်းတစ်ခုကြောင့် လူသားထောင်သောင်းချီမှာ စူပါပါဝါတွေ နိုးထလာခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာမြေရဲ့ တည်နေရာကို
သိရှိသွားတဲ့ ဂြိုဟ်သားစစ်သင်္ဘောအုပ်စုတွေက ကမ္ဘာကို ကျူးကျော်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။
နှစ်ပေါင်း ၂၀ ကျော်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီးမှာတော့ လူသားတွေဟာ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိခဲ့ကြပါတယ်။ ဒီလိုအခြေအနေမှာ ဂြိုဟ်သားကျူးကျော်မှုတွေ ပြန်လည်ဖြစ်ပွားလာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ အထူးကိုယ်စားလှယ် ဝမ်ချန်ဟိုင်ဟာ မွေးရပ်မြေ လိုင်ရင်ခရိုင်ကို ပြန်လည်ရောက်ရှိလာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အရင်ကတည်းက ရှိနေခဲ့တဲ့ စူပါဟီးရိုးတွေကို စုစည်းပြီး တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ
ကိုယ်တိုင် ဦးဆောင်လေ့ကျင့်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စူပါဟီးရိုးအသင်းဟာ အုပ်ချုပ်ရေးအာဏာ၊ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ မဖြစ်မနေလိုက်နာရတဲ့ အမိန့်တွေကြားမှာ ရှုပ်ထွေးနေပြီး စူပါပါဝါမရှိတဲ့ သာမန်လူတစ်ယောက်တောင်
အဖွဲ့ထဲမှာ ပါဝင်နေတဲ့အခါ… ဝမ်ချန်ဟိုင်အနေနဲ့ အဖွဲ့ကို အမှန်တကယ် တိုက်ခိုက်ရေးအင်အားစုတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါ့မလား။
စူပါဟီးရိုးတွေရဲ့ အစွမ်းထက်တဲ့ စွမ်းအားတွေနဲ့အတူ မထင်မှတ်ထားတဲ့ ဟာသဖြစ်ရပ်တွေ၊ အာဏာပဋိပက္ခတွေနဲ့ အန္တရာယ်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ရှုစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…