မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။ နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ၁၁ -နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။
တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ……လွန်ခဲ့တဲ့ ၁၁ -နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။
#PaperBride #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar