What's happening?

Video Sources 570 Views Report Error

  • Watch traileryoutube.com
  • Bring It On (2000)Unknown resource
Bring It On

Bring It On

May the best moves win.Aug. 25, 2000United States98 Min.PG-13
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်​နှစ်ကျော်​တွေ​က trend တစ်ခု​လိုမျိုး အများ​အပြား​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Teen/Comedy ရုပ်ရှင်​ကား​တွေထဲက ဇာတ်​ကားကောင်း​လေး​တစ်ကား ဖြစ်​ပါတယ်​။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ မင်း​သမီး​က ဒီ​ဇာတ်​ကား​မှာ အဓိက​ဇာတ်​ကောင်​ Torrence အဖြစ်​ ပါဝင်​ထားပါတယ်​။

90s born တွေ​အနေနဲ့​ ၂၀၀၀ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီ​ဇာတ်ကား​လေးကို ကြည့်​ရင်း​ လွမ်း​ဆွတ်​ဖွယ်​ ခံစားချက်​တစ်​ခုကို​ ရရှိ​မယ်​လို့​ ထင်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့ Torrence ဟာ အထက်​တန်း​ကျောင်း​ ကိုယ်​စား​ပြု​ နာမည်​ကျော်​ Cheerleader အသင်းတစ်ခု​ရဲ့ အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပါတယ်။ အသင်း​ရဲ့ ကပ္ပတိန်​ဖြစ်​သူ Big Red က ကောလိပ်​တက်ရမှာ ဖြစ်​တဲ့အတွက်​ လစ်လပ်​သွား​တဲ့ ကပ္ပတိန်​နေရာကို​ ရွေးကောက်ကြရမှာ Torrence တစ်ယောက်​ အရွေးခံရပါတော့တယ်။

ကပ္ပတိန်​အဖြစ်​ တာဝန်​ယူ​တဲ့နေ့မှာပဲ အသင်း​သူတစ်ယောက်​ လေ့ကျင့်​ရင်း​နဲ့ ဒဏ်ရာရ​သွား​လို့​ Missy လို့​ခေါ်​တဲ့ ဂျွမ်း​ဘား အလွန်​ကျွမ်းကျင်​သူ ကျောင်း​သူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလို​နဲ့ နိုင်ငံ​လုံး​ဆိုင်ရာ​ Cheerleader ပြိုင်ပွဲ​အတွက်​ လေ့ကျင့်​ပြင်ဆင်​နေရင်း​နဲ့ Torrence တစ်ယောက်​ သူတို့​အသင်း​ အသုံးပြု​တဲ့ ကကွက်တွေက East Compton က Clovers အသင်း​ရဲ့ ကကွက်တွေနဲ့ တူညီ​နေကြောင်း​ သိလိုက်ရ​ပါတော့​တယ်​။

အကြောင်း​ကတော့​ ကပ္ပတိန်​ဟောင်း​ဖြစ်သူ​ Big Red​ က Clovers အသင်း​ရဲ့ ဖျော်ဖြေ​ပွဲတွေကို ဗီဒီယို​ရိုက်ကူး​ပြီး က​ကွက်​တွေကို ခိုး​ယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence​ တို့​အသင်း​ဟာ နိုင်ငံ​လုံး​ဆိုင်ရာ​ ပြိုင်ပွဲ​တွေ​မှာ ချန်ပီယံ​ဖြစ်​ခဲ့တာပါ။ဒီနှစ်​မှာ​တော့ ကလို​ဗာ​အသင်း​ကလည်း ဝင်​ပြိုင်​မှာဖြစ်ပြီး Torrence​ တို့​အသင်း​ကို ချေမှုန်း​မယ်လို့ ကြိမ်းဝါးပါတော့တယ်။

ဒီလိုနဲ့​ ကပ္ပတိန်​အသစ်​စက်​စက် Torrence​ တစ်ယောက်​ က​ကွက်​အသစ်​တွေ​ ဖန်တီး​ဖို့ ကြိုးစား​ရပါတော့တယ်။ Torrence​ အနေနဲ့​ ဒီပြဿနာကို ဖြေရှင်း​နိုင်​ပါ့မလား၊ စည်း​လုံး​မှု​ပြို​ကွဲ​နေတဲ့ အသင်း​ကို စည်း​ရုံး​ပြီး ဖိုင်​နယ်​ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသ​နှော​ပြီး​ ကြည့်​ရှု​ရမှာ ဖြစ်ပါတယ်​။ အမေရိကန်​အထက်​တန်း​ကျောင်း​သားဘဝ၊ အချစ်​ရေး​နဲ့ လူမှုရေး​ ရုန်းကန်​မှုတွေကို ပေါ့ပါ့ပါးပါး တင်​ဆက်​ထား​တဲ့​ ကြည့်​ပျော်သော ဇာတ်လမ်း​ကောင်း​လေး​တစ်ပုဒ်​ဖြစ်​ပါတယ်​။

Bring It On
Bring It On
Bring It On
Bring It On
Bring It On
Bring It On
Bring It On
Bring It On
Bring It On
Bring It On
Original title Bring It On
IMDb Rating 6.2 109,139 votes
TMDb Rating 6.2 1,705 votes

Director

Peyton Reed
Director

Cast

Kirsten Dunst isTorrance Shipman
Torrance Shipman
Eliza Dushku isMissy Pantone
Missy Pantone
Jesse Bradford isCliff Pantone
Cliff Pantone
Sherry Hursey isChristine Shipman
Christine Shipman
Holmes Osborne isBruce Shipman
Bruce Shipman
Clare Kramer isCourtney
Courtney

Similar titles

Rotting in the Sun
Kaatera
God’s Shirt
Kingsman: The Golden Circle
I Care a Lot
Upadhyaksha
The Trophy Bride
Two Women
Welcome To The Jungle
Amerikatsi
Night of the Killer Bears
Fruitcake

Leave a comment