
Bronze Guard Corps (2026)
သိုင်းလောကရဲ့ အေးချမ်းလှတဲ့ ဝူးလုံသိုင်းကျောင်းတော်လေးမှာ တပည့်တွေဟာ နေ့စဉ် ပုံမှန်သိုင်းပညာတွေကို လေ့ကျင့်ရင်း ငြိမ်းချမ်းစွာ နေထိုင်နေကြပါတယ်။
တစ်နေ့မှာတော့ လီရှို့ယွမ် ဆိုသူဟာ အလွန်အဖိုးတန်တဲ့ ရှေးဟောင်းကြေးအိုးကြီးရဲ့ ရတနာပုလဲလုံးကို သယ်ဆောင်ပြီး ကျောင်းတော်ကို ရောက်ရှိလာခဲ့ရာကနေ သူတို့ရဲ့ အေးချမ်းမှုတွေ စတင်ပျက်ပြားသွားခဲ့ရပါတယ်။
ဒီရတနာပုလဲလုံးရဲ့ သတင်းဟာ သိုင်းလောကရဲ့ လူဆိုးကြီး ရှဲ့ရှန်နားဆီ ပေါက်ကြားသွားတဲ့အခါမှာတော့ အန္တရာယ်တွေက ကျောင်းတော်ဆီ ဦးတည်လာပါတော့တယ်။ ကြေးအိုးကြီးရဲ့
လျှို့ဝှက်ချက်ကို ရယူလိုတဲ့ ရှဲ့ရှန်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အဖြူအမည်း မိစ္ဆာစုံတွဲကိုစေလွှတ်ပြီး ရတနာတွေကို လုယူစေခဲ့သလို ရတနာစောင့်ရှောက်သူ တာ့ဖန်းနဲ့ ရှောင်ဖန်း
ညီအစ်မနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မတရားမှုကို ငုံ့မခံချင်တဲ့ ကျောင်းတော်က တပည့် ၄ ယောက်ဟာ ညီအစ်မနှစ်ယောက်ကို ကယ်တင်ဖို့နဲ့ ရတနာတွေကို ပြန်လည်ရယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အင်အားကြီးမားတဲ့
ရန်သူတွေကို ရင်ဆိုင်နိုင်ဖို့အတွက် သူတို့ဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှေးဟောင်းသိုင်းကွက်အစီအရင်ကို နေ့မအား ညမနား ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရပါတော့တယ်။
ဟာသလေးတွေနှောထားတဲ့ သူတို့ရဲ့လေ့ကျင့်ခန်းခရီးစဉ်အပြီး နောက်ဆုံးမှာတော့ လူဆိုးကြီး ရှဲ့ရှန်နဲ့ အသက်လု တိုက်ပွဲကြီး ဆင်နွှဲရပါတော့တယ်။
သူတို့လေးယောက်နဲ့ ဓားစာခံညီအစ်မနှစ်ယောက်ကို ကယ်တင်နိုင်ပါ့မလား၊ နှစ်ပေါင်းတစ်ထောင်ကြာ မြုပ်နှံနေခဲ့တဲ့ သိုင်းလောကရဲ့ လျှို့ဝှက်ချက်ကြီးကရော ဘာဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားစရာ အက်ရှင်ဇာတ်ကွက်တွေ၊ ရယ်မောစရာ ဟာသအခန်းတွေနဲ့အတူ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။