ဂျက်ကီချန်းရဲ့ ၂၀၁၂ -က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ။ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမဲ့ ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ်။ ဂျက်ကီချန်းအနေနဲ့ “စတန့်အများဆုံး” နဲ့ “ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး” ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ -ရုပ်ကို ခိုးသွားခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀- ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ်။
ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ Coco ရှိတဲ့ ပဲရစ်ကို ရောက်လာခဲ့ပြီး ကြေးခေါင်းတွေပိုင်ထားတဲ့ ပြင်သစ်သူလေး ကတ်သရင်းရဲ့ စံအိမ်ကိုပါ ရောက်သွားပါတယ်။ ဒီကနေ သူတို့တွေလူစုပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ရွှေတုံးတွေရှာတဲ့ဇာတ်လမ်းနဲ့ ကြေးခေါင်းအရှုပ်တော်ပုံ စွန့်စားခန်းတွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး…နာမည်ကြီးကားမို့လို့ ကြည့်ပြီးသားဆိုတဲ့ သူတွေကိုလည်း နောက်တစ်ခေါက် ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်
#ChineseZodiac #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar