Clean skin ဆိုတာ UK မှာ အကြမ်းဖက်မှုရာဇဝတ်မှုတွေအတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရခြင်း မရှိတဲ့သူ ၊ အပြစ်ကင်းစင်သူတွေကို သုံးတတ်တဲ့အသုံးပါ။ကျွန်တော်ကတော့ သိုးဖြူလေးတွေလို့ သုံးချင်တယ်။
ဒီဇာတ်လမ်းကတော့ လန်ဒန်မှာ အသေခံဗုံးဖောက်ခွဲခံရမှုတွေ ဖြစ်လာတဲ့အခါ ဒီကိစ္စအတွက် ဇာတ်လိုက်မင်းသားက တရားမဝင်လိုက်လံစုံစမ်းရတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သာမန်ဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတာကတော့ ဂျိမ်းစ်ဘွန်းကားတွေလို မင်းသားကအမြဲမှန် ၊ ကျင့်ဝတ်တွေနဲ့ညီတဲ့ နိုင်ငံကြီးသားဇာတ်လမ်းမျိုးတွေမဟုတ်ဘဲ ဒီကားမှာတော့ နှစ်ဖက်လုံးဟာအနိုင်ရဖို့အတွက်ဆို လမ်းမှာပိတ်နေတဲ့သူတွေကို ငဲ့ကွက်ညှာတာနေတာမျိုးမရှိပဲ အကြမ်းပတမ်းချနေကြတဲ့ကားမျိုးပါ။
တိုက်ကွက်တွေဆိုရင်လည်း မင်းသားက ကျည်မထိဗုံးမထိဖြစ်နေတာမျိုးမဟုတ်ဘူး။ လက်တွေ့နဲ့ အတော်နီးစပ်တဲ့တိုက်ခန်းခိုက်ခန်းတွေပါ။ အက်ရှင်ဇာတ်ကားဆိုပေမဲ့ သမားရိုးကျလူကြိုက်များမဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ စစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေ ၊ လူတွေရဲ့ယုံကြည်မှုတွေ ၊ ဘယ်သူမှားလဲ ၊ ဘယ်သူမှန်လဲကို ဝေဝါးမေးခွန်းထုတ်နေရမဲ့ အရာတွေပါတဲ့ ဇာတ်အိမ်မျိုးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကို Lord of the Rings, Games of Thrones စတဲ့ဇာတ်လမ်းတွေရော တခြားနာမည်ကြီးဇာတ်ကားများစွာမှာ ပါသရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး Sean Bean ကသရုပ်ဆောင်ထားပါတယ်။
#Cleanskin #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar