What's happening?

Video Sources 1 Views Report Error

  • Watch traileryoutube.com
  • Edge of Tomorrow (2014)Unknown resource
Edge of Tomorrow

Edge of Tomorrow

Live. Die. Repeat.May. 27, 2014US114 Min.
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Edge of Tomorrow (2014)
******************************

ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားကို စာတန်းထိုး Update နဲ့အတူ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်းတွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသထဲကနေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။

ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန့်လာနိုင်သလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။

ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိကကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိသလို သူက တစ်ခါမှာလည်း စစ်မတိုက်ဖူးပါဘူး။

ဒါကြောင့် သူကငြင်းဆန်ပေမဲ့ နောက်ဆုံး ရာထူးချခံရပြီး စစ်မှုထမ်းခဲ့ရပါတယ်။ တကယ်တမ်းတိုက်ပွဲမှာတော့ ဂြိုလ်သားတွေကို လုံးဝမနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ Tom Cruise က မထင်မှတ်ပဲ သာမန်ဂြိုလ်သားတွေထက် အကောင်ကြီးတဲ့ ဂြိုလ်သားတစ်ကောင်ကို သတ်မိသွားပါတယ်။

အဲဒီအချိန်မှာ အဲ့ဒီ ဂြိုလ်သားရဲ့သွေးက သူ့ကိုယ်ပေါ်ကို လာစင်ပြီးနောက် သူလည်း သေသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူက ပထမဆုံး စစ်တပ်ထဲ စရောက်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွားပြီး အဖြစ်အပျက်အားလုံးကိုလည်း မှတ်မိနေပါတယ်။

ဒီလိုနဲ့ သူသေသွားတိုင်း ဒီနေရာကပဲ ပြန်ပြန် စနေခဲ့ရာက၊ စစ်ပွဲထဲမှာ မင်းသမီး Emily Blunt ကို ကယ်တင်လိုက်တဲ့အခါမှာ သူမ ထံကနေ အကြောင်း စုံသိလိုက်ရပါတယ်။
Tom Cruise ဖြစ်နေတာမျိုး တစ်ချိန်က သူမလည်းဖြစ်ခဲ့ဖူးတယ်လို့ Emily Blunt ကပြောပြပါတယ်။

အကြောင်းအရင်းက သူသတ်လိုက်တဲ့ ဂြိုလ်သားက ရှားရှားပါပါးတွေ့ရခဲပြီး တစ်ကောင် တစ်လေသာ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီအကောင်ကို Alpha လို့ခေါ်ပြီး ဂြိုလ်သားတွေကို Micmic လို့ခေါ်ပါတယ်။ သူတို့ကို ထိမ်းချုပ်တဲ့ Central Brain ကိုတော့ Omega လို့ခေါ်ပြီး Omega က အချိန်ကို ထိမ်းချုပ်နိုင်စွမ်းရှိပါတယ်။

Alpha တစ်ခါ သေတိုင်းမှာ အဲဒီနေ့ကို ပြန်ပြီး Reset လုပ်လိုက်ပါတယ်။ ဒါပေမဲ့ Alpha ရဲ့ Memory ကတော့ ပျက်မသွားပါဘူး။ Tom Cruise က Alpha ကို သတ်လိုက်တုန်းမှာ အမှတ်မထင်ပဲ Alpha ရဲ့ ပါဝါကို ရလိုက်ပါတယ်။ ဒါကြောင့် သူသေတိုင်းမှ နေ့က အသစ်ပြန်ပြန်စတာဖြစ်ပါတယ်။ ဒီနည်းနဲ့ Micmic တွေက ဂြိုလ်တွေကိုလိုက်သိမ်းနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေက နောက်ဆုံး Battle ကို အနိုင်မရတာဖြစ်ပါတယ်။

Emily ကလည်း ဒါမျိုးပါဝါရခဲ့ပေမဲ့ သူမရဲ့ စွမ်းအားက ပျောက်သွားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ရက်မှာ စစ်ပွဲမှာ သူမက မသေပဲ သွေးထွက်လွန်သွားခဲ့ပြီး ဆေးရုံရောက်သွားပါတယ်။ အဲ့ဒီအခါမှာ သူမ ရဲ့ ပါဝါလည်း ပျောက်သွားတာဖြစ်ပါတယ်။ စွမ်းအားက သွေးထဲမှာ ပဲရှိတာဖြစ်ပါတယ်။

ဒါကြောင့် Tom Cruise အနေနဲ့ Reset လုပ်ချင်ရင် အသေခံရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သူ အကြိမ်ကြိမ် Reset ပြန်လုပ်ပြီး၊ Training တွေလုပ်၊ Omega ရဲ့ နေရာကို ရှာရင်းနဲ့ တစ်နေရာမှာ သူ ကျပ်ရိုက်သွားပါတယ်။

သူက Emily Blunt နဲ့ သံယောဇဉ်ဖြစ်နေပြီး၊ အဲ့ဒီတစ်နေရာမှာ Emily Blunt ကအမြဲသေနေပါတယ်။ သူဘယ်လို့မှ ကယ်လို့မရပါဘူး။ ဒါကြောင့် သူသာ ရှေဆက်သွားပြီး Omega ကို သတ်လိုက်ရင် Emily က ပြန်ရှင်လာတော့မှာမဟုတ်ပါဘူး။

ဇာတ်လမ်းက ဒီထက်အများကြီးပိုကောင်းပြီး၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဂိမ်းကစားသလိုပါပဲ၊ မနိုင်တဲ့ Stage ကို အကြိမ်ကြိမ်ပြန်ကစားသလိုပါပဲ။ ရန်သူတွေကလညး ဒီနေရာကပဲထွက်ထွက်လာသလို၊ ကိုယ်ကလည်း အကုန်လုံးကို မှတ်မိနေပါတယ်။ တစ်ခုပဲ ရှိတာက ပါဝါပိတ်လိုက်ရင် Check Point က နေပြန်စလို့မရတော့ပါဘူး။ ဂိမ်းထဲမှာက အစကနေ ပြန်ပြီး ဆော့လို့ရပေမဲ့ ဒီမှာကတော့ No Reset ပါ။

ဇာတ်ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးကတော့ ဝါရင်နာမည်ကြီးသရုပ်ဆောင်တွေ ဆိုတော့ ပြောနေစရာတောင်မလိုပါဘူး။ ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းပြီး၊ ဇာတ်ကားတစ်ကားလုံးကောင်းပါတယ်။
ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ပါ။

Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Edge of Tomorrow
Original title Edge of Tomorrow
TMDb Rating 7.643 15,513 votes

Director

Doug Liman
Director

Cast

Similar titles

11 Rebels
Hanu-Man
Flight Risk
Neglected
Greenland 2: Migration
Familyhood
Monster Mash
The Age of Blood
Overhaul
Skiptrace
Viswam
The Last Kumite

Leave a comment