What's happening?

Video Sources 1110 Views Report Error

  • Watch trailer
  • Fall Guy (2023)
Fall Guy

Fall Guy

May. 12, 2023n/A106 Min.n/A
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Fall Guy (2023)
———————————————
အမြင့်ကြီးမှာပျံသန်းနေတဲ့ ခိုတွေကိုကြည့်ရင်း ဂျူးလီယပ်စ် နားမလည်နိုင်ဖြစ်ဖူးပါတယ်။ သူတို့ဟာ အဝေးကြီးလည်းသွားလို့ရတယ်၊ အမြင့်ကြီးလည်းပျံနိုင်တယ်။ အတောင်ပံတွေရှိရက်နဲ့ ဒီဆင်းရဲသားရပ်ကွက်ထဲကို ဘာလို့ပြန်ရောက်လာလဲဆိုတာ သူနားမလည်နိုင်ဖြစ်တယ်။ “ငါသာ ခိုတစ်ကောင်ဖြစ်ခဲ့ရင် ဒီနေရာနဲ့အဝေးကြီးကို ပျံသွားမယ်၊ ဘယ်တော့မှ ပြန်မလာတော့ဘူး” လို့သူပြောပါတယ်။

ဂျူးလီယပ်စ်ရဲ့မိခင်က လွှတ်တော်အမတ်လူချမ်းသာတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်ပြီး ဂျူးလီယပ်စ်ကိုယ်တိုင်လည်း ကျွန်ဝယ်ရာအဆစ်ပါသလို အိမ်ကြီးရှင်သား ဖွန်ဇီရဲ့ လက်တိုလက်တောင်းအလုပ်တွေ လုပ်ရပါတယ်။ ချမ်းသာချင်တဲ့ ဂျူးလီယပ်စ်ဟာ သူဌေးသားနဲ့ အနီးကပ်ပေါင်းရင်း၊ အိမ်တွင်းက သူ့အသုံးအဆောင်တွေကို လစ်ရင်လစ်သလိုခိုးယူသုံးစွဲရင်း တစ်ခါတရံဘဝမေ့သွားတတ်တဲ့အတွက် သူ့အမေက သူ့ကိုသတိပေးရတတ်တယ်။

တစ်နေ့မှာတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဖွန်ဇီ့ညီဝမ်းကွဲကို ဖွန်ဇီနဲ့အတူ သူတို့သူငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကို ဂျူးလီယပ်စ်လိုက်ပို့ရပါတယ်။ အဲဒီညမှာပဲ ဖွန်ဇီတို့သုံးယောက်ဟာ သူ့ညီဝမ်းကွဲရဲ့ကောင်မလေးကို အမူးလွန်ဆေးကွဲပြီး မုဒိမ်းကျင့်ရာကလက်လွန်ပြီး ကောင်မလေးသေဆုံးသွားပါတော့တယ်။

သူတို့ကတော့ အဲဒီညမှာပဲ တစ်နေရာမှာမူးပြီး အိပ်ပျော်နေတဲ့ ဂျူးလီယပ်စ်ကို ကောင်မလေး အလောင်းဘေးမှာချပြီး အကွက်ဆင်ခဲ့သလို သူ့အမေ လွှတ်တော်အမတ်နဲ့ သူ့သြဇာခံရဲတွေ ရှေ့နေတွေနဲ့မျက်မြင်သက်သေအားလုံးကို ငွေလမ်းခင်းပြီး ဂျူးလီယပ်စ်ကို အခိုင်အမာတရားခံအဖြစ် တွန်းပို့ကြပါတော့တယ်။

အခုချိန်မှာတော့ သူအထင်ကြီးနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းရဲ့ ယုတ်မာပက်စက်မှုတွေကို ဂျူးလီယပ်စ်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အလွတ်ရုန်းရမဲ့အချိန်ပါပဲ။

Fall Guy
Original title Fall Guy
IMDb Rating 3.5 10 votes
TMDb Rating 4 6 votes

Similar titles

Padu
Puri for Rent
Halimuyak
Solitude
The Stage
Everybody Loves Me When I’m Dead
Fingernails
Art of War
Angel of Beggars
Champion
Rebel Moon – Part One: A Child of Fire
And Yet, You Are So Sweet

Leave a comment