What's happening?

Video Sources 825 Views Report Error

  • Watch traileryoutube.com
  • Gangstas (2025)Unknown resource
Gangstas

Gangstas

Feb. 19, 2025n/An/A
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီ Gangstas ဆိုတဲ့ဇာတ်ကားကတော့ Dark Comedy, Gangster, Action, Comedy, Crime နဲ့ Drama အစရှိတဲ့ genre မျိုးစုံနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ သူ့ရဲ့ rating ကတော့ IMDB မှာ ပျှမ်းမျှအနေနဲ့ 6.3 ရှိတယ်ဆိုပေမဲ့ သူ့ကို 8 star ပေးခဲ့ဖူးသူကလည်းများ၊ review ရေးတဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ရဲ့ original ဆန်တဲ့အချက်ကြောင့် အရမ်းသဘောကျမိလို့ recommend ပေးချင်တဲ့ကားတစ်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

အန့်ဝက်ဆိုတဲ့ မြို့ရဲ့ မြေအောက်လောကအဖြစ်ဆိုးတစ်ခုကနေ ရှင်ကျန်လာခဲ့တဲ့ ဘာဒီယာ ဂျုန်းစ်နဲ့ ဗော့လ်ထ်တို့ဟာ သူတို့ရဲ့ အတိတ်ကအဖြစ်ဆိုးတွေကို ချန်ခဲ့ပြီး ကိုယ်စီဘဝအသစ်နဲ့စဖို့ကြိုးစားခဲ့ကြပါတယ်။ အဲဒီထဲကမှ သူတို့ကို အဲဒီဖြစ်စဉ်ထဲဆွဲထည့်သလိုဖြစ်သွားခဲ့ အဒါမိုကတော့ မပြောင်းလဲဘဲ မြေအောက်လောကမှာ တက်သစ်စ ချာတိတ်တစ်ဗွေဖြစ်လာခဲ့တာပေါ့။

သူကလည်း စိတ်ထဲကနေသာ ကောင်းတဲ့သဘောတွေကို စိတ်ဆောင်ရင်ဆောင်နေမယ်၊ ဒါပေမဲ့ သူလုပ်နေတဲ့ကိစ္စတွေကတော့ တစ်ကမ္ဘာလုံးကိုအကျိုးယုတ်စေတဲ့ မူးယစ်ဆေးဝါးတွေကို ကမ္ဘာနဲ့ချီ တင်ပို့ဖြန့်ဖြူးနေတာပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်တော့ ဘာကောင်းတာတစ်ခုမှမရှိပါဘူးး။ အဲဒီလောက်မှာ ကျင်လည်နေတဲ့ အဒါမိုကလည်း ဒုက္ခသုက္ခတွေများစွာနဲ့ ရင်ဆိုင်ရပြီး အသက်ကိုရင်းပြီး အလုပ်လုပ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း လူငယ်ဖြစ်တဲ့အလျောက် စိတ်မာန်တက်ကြွနေတဲ့ အဒါမိုဟာခေါင်းမာပြီး သူ့လုပ်နေကျအလုပ်ရဲ့ အတိုင်းအတာကိုကျော်ပြီး စစ်ဆေးရေးကျပ်တည်းနေတဲ့အချိန်မှာ ဘိန်းဖြူအများကြီးကို သယ်ပို့ဖို့လုပ်ခဲ့ပါတယ်။ရန်ဘက်တွေလည်းများ အသိုင်းအဝိုင်းကြားနာမည်ကြီးနေတဲ့ အဒါမိုဟာ ချောက်ချခံလိုက်ရပြီး ထောင်ထဲရောက်သွားပါတယ်။

အကွက်စေ့ချပြီးထောင်ထဲကနေ ပြန်ထွက်ဖို့လုပ်တဲ့အခါမှာလည်း အကျပ်ကိုင်ခံပြန်ရပါတယ်။ သူ့ရဲ့အလုပ်ကိစ္စနဲ့ပတ်သက်လာလို့ရှိရင် ဘာအထာမှမထားတတ်တဲ့ အဒါမိုဟာ သူ့မိသားစုလိုချစ်ခင်ရတဲ့ အသိုင်းအဝိုင်းကိုလာထိဖို့ ပြိုင်ဘက်ဂိုဏ်းတွေကလုပ်လာကြတဲ့အခါမှာတော့ အဒါမိုတစ်ယောက် ဂိုဏ်းစတားပီပီ အစွယ်ပြပြီး မာန်ပြန်ဖီဖို့ပြင်ပါတော့တယ်။

Gangstas
Gangstas
Gangstas
Gangstas
Gangstas
Gangstas
Original title Patsers
IMDb Rating n/A n/A votes
TMDb Rating 6 15 votes

Director

Adil El Arbi
Director

Cast

Similar titles

The Other Guys
Flight Risk
Moana 2
A Match for the Prince
The Musical Vampire
11 Rebels
May December
Darling
Thalavan
Kraken
Still Fabulous
Legends of the Condor Heroes: The Gallants

Leave a comment