
Goodbye My Car (2026)
***********************
ဒီ Comedy ဇာတ်ကားကတော့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့အလွဲလေးတစ်ခုက တစ်နိုင်ငံကို လှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်သွားပြီး သူ့ဘဝကိုပါ ပြန်ရိုက်ခတ်လာတဲ့အကြောင်း ဟာသဆန်ဆန်ရိုက်ကူးထားပြီး အရမ်းတော်တဲ့နာမည်ကြီးသရုပ်ဆောင်အနေနဲ့ သူပေးဆပ်လိုက်ရတာတွေ သူ့အနေနဲ့ ပြန်ရခဲ့တာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိအောင် ဖန်တီးတင်ဆက်ပေးထားပါတယ်။
နန်ဂျိုဟာ အသက် ၇၀ ပြည့်ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ပါ။ သူ့ရဲ့ ဒရာမာတွေက ပြည်သူပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေခဲ့တဲ့အတွက် အသက်ကြီးချိန်မှာ ပြန်ပြီးဆန်းထလာတဲ့ သရုပ်ဆောင်လည်းဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ နန်ဂျိုဟာ ဒရာမာအစား အက်ရှင်ဇာတ်လမ်းကို ပြန်ပြီးသရုပ်ဆောင်ချင်နေပါတယ်။ အဲဒီအချိန်မှာ သူနဲ့ပြိုင်ဘက်ဖြစ်တဲ့သရုပ်ဆောင် မာကိုတိုက ဟောလိဝုဒ်အက်ရှင်ကားကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံလိုက်ရပါတယ်။
ဒါပေမဲ့ ငယ်စဉ်ကလိုပဲ Harley ဆိုင်ကယ်ကို လက်နှစ်ဖက်လွှတ်ပြီး မောင်းနှင်ခဲ့တဲ့အတွက် မတော်တဆဖြစ်ကာ ဆေးရုံရောက်သွားခဲ့ပါတယ်။
နန်ဂျိုက ဒီကိစ္စအပေါ်မှာ အသက်ကြီးနေတဲ့သူတွေ ယာဉ်မောင်းလိုင်စင်ပြန်အပ်သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောမိသွားခဲ့ပါတယ်။ ဒါနဲ့ ပရိသတ်တွေကကောင်းမှုနဲ့ နန်ဂျိုရဲ့ လိုင်စင်ပြန်အပ်သင့်ကြောင်းစကားက မထင်မှတ်ဘဲ အွန်လိုင်းပေါ်မှာ အရမ်းပျံ့နှံ့သွားပါတော့တယ်။
နန်ဂျိုက လိုင်စင်ကို ပြန်မအပ်ချင်ဘဲ သူ့ကားလေးနဲ့ သူ့မိန်းမကို ကတိပေးထားတဲ့ခရီးကို သွားချင်နေသူပါ။
ပရိသတ်တွေရဲ့အမြင်ကြောင့် နန်ဂျိုရဲ့မန်နေဂျာ ကာနာက နန်ဂျိုကို ကားမမောင်းခိုင်းတဲ့အပြင် လိုင်စင်ပါ ပြန်အပ်ပြီး စံနမူနာပြဖို့ ပြောလာပါတော့တယ်။
နန်ဂျိုက သူ့ယာဉ်မောင်းလိုင်စင် ပြန်မအပ်ခင် နောက်ဆုံးအနေနဲ့ သူ့ဆန္ဒတွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်သွားမလဲဆိုတာ…