What's happening?

Video Sources 377 Views Report Error

  • Watch trailer
  • Jin & Jun (2023)
Jin & Jun

Jin & Jun

Apr. 19, 2023Indonesia115 Min.n/A
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့…ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ…ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်…စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်…

တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်…ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်…အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမဲ့ ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်…ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်…

ဂျွန် ပြန်သတိရလာတဲ့အခါ အိမ်ကြီးထဲက လွတ်မြောက်အောင် ကြံစည်ရင်း မြေအောက်ခန်းတစ်ခန်းကို ရောက်သွားပါတော့တယ်…အခန်းထဲမှာ အစီအရင်တွေနဲ့ ပုလင်းများလည်း ရှိနေပြီး ထိုထဲက တစ်ပုလင်းကို ဂျွန် ကောက်ဖွင့်ကြည့်လိုက်တဲ့အခါ ဂျင်ဆိုတဲ့ မီးခွက်စောင့်ဘီလူးလည်း ထွက်လာပါတော့တယ်…ထုံးစံအတိုင်း မီးခွက်စောင့်ဘီလူးနဲ့ ဂျွန်ရဲ့ တောင်းဆုတွေအကြောင်း ရိုက်ပြထားတာပေါ့…

ဇာတ်လမ်းဟာ အာလာဒင်လို ခပ်ဆင်ဆင်ဆိုသော်ငြား အင်ဒိုနီးရှားဗားရှင်းမို့ မတူကွဲပြားမှုတွေ များစွာပါဝင်နေပါတယ်…ဂျွန်ရဲ့ တောင်းဆုတွေဟာ အမှန်တကယ်ဖြစ်မြောက်လာပေမဲ့ သူမမြင်ရမသိရသေးတဲ့ အကြောင်းတရားတွေလည်း ရှိလို့နေပါတယ်…

ဒီဇာတ်လမ်းဟာ လူငယ်ကျောင်းသားကား ဖြစ်တာမို့ ရီစရာလေးတွေနဲ့ တသောသော ရယ်မောရင်း သင်ခန်းစာလေးတွေလည်း ရတာမို့ အပျင်းပြေကြည့်ကြပါလို့ အကြံပြုလိုက်ရပါတယ်….

#JinandJun #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Jin & Jun
Original title Jin & Jun
IMDb Rating 5.2 469 votes
TMDb Rating 5.5 1 votes

Similar titles

Goodbye Mr. Loser
My Annoying Brother
Catwoman
My Sassy Girl
Gangstas
The 5-Year Christmas Party
Miss. Shetty Mr. Polishetty
Zhongkui: Snow Girl and the Dark Crystal
Heads of State
Folk Legends: The Water Monkeys
The Lost Lotteries
No Hard Feelings

Leave a comment