
Mayday (2026)
IMDb Rating (7.2) / Rotten Tomatoes (84%)
ဒီဇာတ်ကားကတော့ Apple Original Films နဲ့ Skydance တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Action-Adventure အမျိုးအစား ရုပ်ရှင်ဇာတ်ကားသစ်ကြီးပဲ ဖြစ်ပါတယ်။
Game Night နဲ့ Dungeons & Dragons: Honor Among Thieves တို့ကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ Jonathan Goldstein နဲ့ John Francis Daley တို့က ပူးတွဲရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် ဟောလိဝုဒ်ရဲ့ နာမည်ကြီး အက်ရှင်မင်းသား Ryan Reynolds နဲ့ ဝါရင့်မင်းသားကြီး Kenneth Branagh တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြသလို မင်းသမီးချော Maria Bakalova ကလည်း အားဖြည့်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ရေတပ်ဗိုလ်ကြီး ထရွိုင်ဟာ စစ်အေးတိုက်ပွဲကာလမှာ စပိုင်လေယာဉ်ကို ဆိုဗီယက်နယ်မြေထဲမောင်းနှင်ပြီး ဓာတ်ပုံရိုက်ထောက်လှမ်းတဲ့တာဝန်ကို ယူထားရပါတယ်။
တစ်နေ့မှာတော့ လေယာဉ်ပစ်ချခံရပြီး ဇာတ်လမ်းနာမည်အတိုင်း မေဒေးဖြစ်သွားပါတယ်။ သူ့ကို ကယ်ထားတဲ့ ရုရှားနိုင်ငံသားကတော့ နီကိုလိုင်း ဆိုတဲ့ ကေဂျီဘီဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံကို သဘောကျတဲ့သူ ဖြစ်နေပါတယ်။
အဲဒီမှာပဲ ကေဂျီဘီဟောင်းကြီးကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ကတိပေးပြီး ထရွိုင်နဲ့ နီကိုလိုင်း တို့ ရုရှားနယ်မြေထဲက အန္တရာယ်မျိုးစုံကိုရင်ဆိုင်ပြီး လွတ်မြောက်ဖို့ ကြိုးစားကြပါတော့တယ်။
ဒီရုပ်ရှင်မှာလည်း Ryan Reynolds ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ဟာသအပြောအဆိုတွေရော ၊ အက်ရှင်အကြမ်းပတမ်း ပြကွက်တွေရော အချိုးကျကျ ပေါင်းစပ်ထားမဲ့ ကားမျိုးဖြစ်ပြီး Kenneth Branagh လို သရုပ်ဆောင်ကောင်းတဲ့ မင်းသားကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရတာက ဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းစေမှာပါ။