Award – 4 wins, 7 nominations
အင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။
Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ် ၊ မုဒိန်းမှုတွေနဲ့ ထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။
ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ပြင်သစ်စကားပြော ကနေဒီယန်ဇာတ်ကားပါ။ အသက်မပြည့်သေးတဲ့ကောင်မလေးသုံးယောက်ကို လိင်ကိစ္စစော်ကားသတ်ဖြတ် ၊ ကိုယ်ခန္ဓာဖြတ်တောက် ဗီဒီယိုရိုက်ရောင်းတဲ့ရာဇ၀တ်သားကို တရားရုံးတင်စစ်ဆေးတဲ့အကြောင်းရယ်၊ အဲဒီအမှုကိုစွဲလမ်းနေတဲ့ မော်ဒယ်တစ်ယောက်ရယ်၊ ပျောက်ဆုံးနေတဲ့ တတိယနစ်နာသူရဲ့ဗီဒီယိုရယ် ပေါင်းစုထားတဲ့ စိတ်၀င်စားစရာ ဇာတ်လမ်းကောင်းလေးဆိုတာ Rating တွေနဲ့ ဆုတွေက သက်သေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားကြပါဦး။
#RedRooms #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar