What's happening?

Video Sources 739 Views Report Error

  • Suzuki=Bakudan (2025)Unknown resource
Suzuki=Bakudan

Suzuki=Bakudan

Oct. 31, 2025Japan136 Min.NR
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Suzuki=Bakudan (2025)
***********************

ဒီဂျပန်ရုပ်ရှင်ဇာတ်ကားဟာ ဆု ၂ ခုရရှိခဲ့ပြီး ဆန်ကာတင် ၁၃ ဆုအထိ ဝင်ခဲ့တဲ့ Crime-Mystery-Thriller အမျိုးအစား ဇာတ်ကားဖြစ်ပြီး IMDb Rating 7.3/10 ရရှိထားပါတယ်။

ဒါရိုက်တာက Akira Nagai က Katsuhiro Go ရေးသားတဲ့ နာမည်ကြီး “Bakudan”ဝတ္ထုကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Jiro Sato ၊ Yuki Yamada ၊ Sairi Ito နဲ့ Shota Sometani အပါအဝင် နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။

ရဲဌာနတစ်ခုလုံးနဲ့ အရက်သမားဗုံးခွဲသမားကြားက ဉာဏ်စမ်းဂိမ်းကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမှာဖြစ်လို့ .. သည်းထိတ်ရင်ဖို မှုခင်းကားတွေ ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်း
****************

အရက်မူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အမျိုးသားတစ်ယောက်။

သူရဲ့ သရုပ်မှန်ကို စစ်ဆေးမေးမြန်းချိန်မှာ ဆူဇူကီး တာဂိုဆာကု ဆိုတဲ့ နာမည်တစ်လုံးကလွဲလို့ ကျန်တာဘာမှမသိကြောင်း မမှတ်မိကြောင်း ‘ဘူးခံငြင်းနေသူ’။

စစ်ဆေးမေးမြန်းနေစဉ်မှာ သူ့မှာ ဆဋ္ဌမအာရုံရှိကြောင်းနဲ့ တစ်ခုခုဖြစ်မှာကို ကြိုတင်သိနိုင်စွမ်းရှိကြောင်း၊ မကြာခင် အာခီဟာဘာရာမှာ ဗုံးပေါက်ကွဲတော့မဲ့အကြောင်းတွေ ပြောကြားလာခဲ့ပါတယ်။

တကယ်လည်း ဗုံးတွေပေါက်ကွဲလာတဲ့အခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ပါ ရောက်လာပြီး သူ့ကိုအထူးဂရုစိုက်ပြီး စုံစမ်းစစ်ဆေးရပါတော့တယ်။

ဒါပေမဲ့ ဆူဇူကီးဟာစုံထောက်တွေကို “ဉာဏ်စမ်းပဟေဠိ”တွေနဲ့ သဲလွန်စအရိပ်အမြွက်တွေသာ ပေးနေခဲ့ပါတယ်။

ဗုံးတွေ ပေါက်ကွဲမှာကို တားဆီးနိုင်ဖို့အတွက် ရဲဌာနဝန်ထမ်းတွေဟာ ပဟေဠိတွေကို အချိန်လုကာ အပြင်းအထန် ကြိုးစားအဖြေထုတ်နေကြရပါတယ်။

တိုကျိုမြို့အနှံ့ ဗုံးခွဲမဲ့အရက်သမား ဆူဇူကီးရဲ့ ဉာဏ်စမ်းဂိမ်းနဲ့ အကြမ်းဖက်တဲ့လုပ်ရပ်ရဲ့အကြောင်းရင်းခံကို ရဲတွေအချိန်မီဖော်ထုတ်နိုင်ပြီး ဗုံးတွေကို တားဆီးနိုင်သွားမလားဆိုတာကိုတော့ ….

Suzuki=Bakudan
Suzuki=Bakudan
Original title 爆弾
IMDb Rating 7.2 296 votes
TMDb Rating 8.8 11 votes

Similar titles

Gowok: Javanese Kamasutra
Gentlewoman
The Day After Tomorrow
The Y
Anatomy of a Fall
A Private Life
Scream VI
Lust, Caution
Inexistent
Marichi
Nemesis the Movie: Mystery of Golden Spiral
Thrash

Leave a comment