What's happening?

Video Sources 0 Views Report Error

  • Watch traileryoutube.com
  • Thai Fighters (2026)Unknown resource
Thai Fighters

Thai Fighters

Mar. 12, 2026TH90 Min.
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Thai Fighters (2026)

“မာနပြိုင်သူတို့ရဲ့ အချစ်”
====================

မြောက်ပိုင်းနဲ့ တောင်ပိုင်းရွာနှစ်ရွာကြားမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တဲ့ ရန်ငြိုးတွေကို အဆုံးသတ်ဖို့ ရွာသူကြီးတစ်ယောက်ဟာ အားကစားပြိုင်ပွဲတွေကို စီစဉ်ကျင်းပပေးခဲ့ပါတယ်။ ပင်လယ်ပြင်လက်ဝှေ့ပြိုင်ပွဲကနေ ခြင်းလုံးပြိုင်ပွဲအထိ အားတက်သရော ယှဉ်ပြိုင်ကြပေမဲ့ နှစ်ဖက်ရွာသားတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ မာနတွေကတော့ လျော့ပါးမသွားခဲ့ပါဘူး။ စည်ကားပျော်ရွှင်တဲ့ ရိုးရာဒုံးအကပွဲတော်ကတောင် သူတိုရဲ့ရန်ငြိုးတွေကို မပြေလည်စေနိုင်ခဲ့ဘဲ အခြေအနေတွေက တဖြည်းဖြည်း ပိုမိုတင်းမာလာခဲ့ပါတယ်။

ဒီလိုနဲ့ မြောက်ပိုင်းက”မိတ်”ဆိုတဲ့ကောင်လေးနဲ့ တောင်ပိုင်းက”ချာတ့်”တို့နှစ်ယောက်စလုံးဟာ “ဘိုင်တောင်” ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ရွာနှစ်ရွာကြားက ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အရင်ကတည်းက မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးမှာပါ ပြိုင်ဘက်တွေဖြစ်လာကြပြီး “ဘိုင်တောင်” ရဲ့နှလုံးသားကို ဘယ်သူပိုင်ဆိုင်မလဲဆိုတာက ရွာသားတွေအကြား စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက် အချင်းချင်းပြိုင်ဆိုင်နေကြချိန်မှာပဲ ပြင်ပက အန္တရာယ်တစ်ခု ရုတ်တရက်ဝင်ရောက်လာပြီး “ဘိုင်တောင်” ရဲ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။

အရင်က ရန်သူတွေလို သဘောထားခဲ့ကြတဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းရွာသားတွေဟာ “ဘိုင်တောင်” ကို ကယ်တင်ဖို့အတွက် မဖြစ်မနေ လက်တွဲပူးပေါင်းကြရပါတော့တယ်။ အချင်းချင်းအနိုင်ယူဖို့ ကြိုးစားနေခဲ့ကြတဲ့ သူတို့ဟာ အခုတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိဖို့နဲ့ တစ်ရွာတည်းလို စည်းလုံးညီညွတ်ဖို့ လိုအပ်လာခဲ့ပါတယ်။

အချစ်ရေးပြိုင်ဆိုင်မှုနဲ့ ရန်ငြိုးတွေကြားကနေ သူတို့နှစ်ရွာဟာ တကယ်တမ်း ပြန်လည်သင့်မြတ်နိုင်ပါ့မလား….. “ဘိုင်တောင်” ကို ကယ်တင်ဖို့ ဘယ်သူတွေက ကိုယ့်မာနကို စွန့်လွှတ်နိုင်ကြမလဲဆိုတာကိုအတူတူကြည့်ကြလိုက်ရအောင်ပါ။

Thai Fighters
Thai Fighters
Original title สิงห์เหนือ เสือใต้
TMDb Rating 4 2 votes

Similar titles

Jin & Jun
The Plus One
Rescuing Christmas
Kokowääh
The Plot of Fire
65
Builder Boys
Love Is in the Air
Bromance
Land of Bad
Dada
Southpaw

Leave a comment