What's happening?

Video Sources 1021 Views Report Error

  • Watch traileryoutube.com
  • The Three Musketeers: D'Artagnan (2023)Unknown resource
The Three Musketeers: D’Artagnan

The Three Musketeers: D’Artagnan

Apr. 05, 2023BE121 Min.Not Rated
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

The Three Musketeers: D’Artagnan (2023)

~ IMDb – 6.9/10, Rotten Tomatoes – 96% ~

ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသ လောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။

ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။

Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။

The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
The Three Musketeers: D’Artagnan
Original title Les Trois Mousquetaires : D'Artagnan
IMDb Rating 6.9 8,259 votes
TMDb Rating 7.226 529 votes

Director

Cast

François Civil isD'Artagnan
D'Artagnan
Eva Green isMilady
Milady
Louis Garrel isLouis XIII
Louis XIII
Vicky Krieps isAnne d'Autriche
Anne d'Autriche
Lyna Khoudri isConstance Bonacieux
Constance Bonacieux
Jacob Fortune-Lloyd isLe Duc de Buckingham
Le Duc de Buckingham
Eric Ruf isLe Cardinal de Richelieu
Le Cardinal de Richelieu

Similar titles

The Redemption of Sin
Maama Mascheendra
Seven Veils
Kaulayaw
Keluang Man
Familyhood
Detective Dee and the Great Illusionist
Black Panther: Wakanda Forever
War of the Wills
Amar Singh Chamkila
Return
Urban Justice

Leave a comment