What's happening?

Video Sources 534 Views Report Error

  • Watch traileryoutube.com
  • Three (2016)Unknown resource
Three

Three

Jun. 24, 2016USA88 Min.G
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Three (2016)

လူနာတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ဆရာဝန်… အမှန်တရားထက် တာဝန်ကို ဦးစားပေးတဲ့ ရဲအရာရှိ… လက်ထိတ်ခတ်ထားရင်းတောင် အားလုံးကို ဉာဏ်နဲ့
ထိန်းချုပ်နေတဲ့ ရာဇဝတ်သား… သူတို့သုံးယောက်ရဲ့ စိတ်ဓာတ်အားပြိုင်ပွဲက ဘယ်လိုအဆုံးသတ်မလဲ…

၂၀၁၆ ခုနှစ်ထွက် ဒီဇာတ်ကားလေးဟာ နာမည်ကျော်ဒါရိုက်တာ Johnnie To ရိုက်ကူးထားတဲ့ ရဲမှုခင်းသည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်…Zhao Wei၊ Louis Koo နဲ့ Wallace Chung တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆေးရုံတစ်ခုအတွင်းဖြစ်ပေါ်လာတဲ့ အသက်ကယ်တင်ရေး ရဲစုံစမ်းရေးနဲ့ ရာဇဝတ်သားတစ်ယောက်ရဲ့ ဉာဏ်ချင်းယှဉ်ပြိုင်မှုကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

လူ့အသက်ကို ကယ်တင်ရမဲ့ ကျင့်ဝတ် တရားဥပဒေကို ထိန်းသိမ်းရမဲ့ တာဝန်နဲ့ အသက်ရှင်လွတ်မြောက်ဖို့ အရာရာကို အသုံးချတဲ့ ရာဇဝတ်သားတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို
အရှိန်အဟုန်မပြတ် ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ အက်ရှင် စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ခေါင်းမှာ ကျည်ဆန်ထိမှန်သွားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ရွှင့် ကို ဆေးရုံကိုအရေးပေါ်ပို့ဆောင်ရာကနေ
ရဲဘက်ကတော့ သူတို့ရဲ့ အမှားကို ဖုံးကွယ်ဖို့ ကြိုးစားနေသလို ရွှင့်ဆီကနေ ဂိုဏ်းအဖွဲ့ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ရယူဖို့လည်း အခွင့်အရေးရှာနေပါတယ်။

တစ်ဖက်မှာတော့ လူနာရဲ့ အသက်ကိုကယ်တင်ဖို့သာ ဦးစားပေးတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာထုံဟာ ရွှင့်ကို ခွဲစိတ်ကုသဖို့ အပြင်းအထန်ကြိုးစားနေပြီး အမှုကို
အရင်ဖြေရှင်းချင်တဲ့ ရဲအရာရှိချန်နဲ့ မကြာခဏ ထိပ်တိုက်တွေ့ရပါတော့တယ်။

ဒါပေမဲ့ ရွှင့်ကတော့ သာမန်အကျဉ်းသား မဟုတ်ပါဘူး…ဆေးရုံခုတင်ပေါ်မှာ လက်ထိတ်ခတ်ထားရင်းတောင် အခြေအနေအားလုံးကို ထိန်းချုပ်ဖို့ကြိုးစားနေပြီး ခွဲစိတ်မှုကို တမင်နှောင့်နှေးစေပြီးတော့ သူ့ဂိုဏ်းသားတွေ လာရောက်ကယ်တင်နိုင်မဲ့ အချိန်ကို စောင့်ဆိုင်းနေပါတယ်…
ရဲအရာရှိချန်ကလည်း ဒီအစီအစဉ်ကို သဘောပေါက်ပေမဲ့ ဂိုဏ်းတစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်ဖို့ တမင်မသိချင်ယောင်ဆောင်နေပါတယ်။

နောက်ဆုံးမှာတော့ ရွှင့်ဟာ သူ့ရဲ့ လွတ်မြောက်ရေးအစီအစဉ်ကို အောင်မြင်နိုင်ပါ့မလား၊ ရဲတပ်ဖွဲ့က ဂိုဏ်းတစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်မလား၊ ဒေါက်တာထုံကလည်း လူနာရဲ့ အသက်ကို
ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်။

Three
Three
Three
Three
Three
Three
Three
Original title 三人行
IMDb Rating 5.989 87 votes
TMDb Rating 5.989 87 votes

Director

Johnnie To
Director

Cast

Similar titles

Girl With a Gun
Black Clover: Sword of the Wizard King
The Commuter
Bad Blood
God Is a Bullet
Son of Sardaar
Eye for an Eye
Believer 2
Candlestick
The Other Guys
K.G.F: Chapter 2
Black Phone 2

Leave a comment