ဒီကားလေးကတော့ “ဆုတောင်းမှားခဲ့လေသလား” လို ပြောရမှာပါ…
ဘုန်းတော်ကြီးဂျူ နဲ့ ပတ်ပေါင်းတိုဟာ အရင်ဘဝတုန်းက ချစ်ခင်စုံမက်ကြတဲ့ လင်မယားတွေပါ။ သိပ်ချစ်ကြလွန်းလို သစ္စာဖောက်ပြားခဲ့ပါက မိုးကြိုးပစ်ခံရပါစေဆိုပြီး ကျိန်ဆိုခဲ့ကြတဲ့သူတွေပေါ့။ ဘုန်းတော်ကြီးဂျူဟာ သူ့မယားကို မထိခိုက်စေချင်တဲ့စိတ်ကြောင့် ပတ်ပေါင်းနဲ့ သူ့ကံကြမ္မာကိုချည်နှောင်ပြီးတော့ ခံရမဲ့ဝဋ်ကြွေးတွေကို လွှဲပြောင်းယူခဲ့ပါတယ်…
ဒီသစ္စာဟာ နောက်ဘဝထိပါ အကျိုးသက်ရောက်လေတော့ လက်ရှိဘဝမှာ ပတ်ပေါင်းတစ်ယောက် ယောကျ်ားသားဘဝနဲ့ ရှိသမျှမိန်းကလေးတွေနဲ့ ပတ်သက်တဲ့အခါ ပတ်ပေါင်းရှုပ်သမျှကို ဘုန်းတော်ကြီးဂျူဘက်မှာ မကြာခဏကို မိုးကြိုးဒဏ်တွေခံရပါတယ်…
သူတိုနှစ်ယာက်ရဲ့ ရေစက်ကို ဖြတ်တောက်ဖိုရာအတွက် ဘုန်းတော်ကြီးဂျူ ဘယ်လိုကြိုးစားမလဲ? ပတ်ပေါင်းကရော အသာတကြည်နဲ့ယုံကြည်ပြီးတော့ ဘုန်းတော်ကြီးဂျူခိုင်းတာကို လိုက်နာမှာလားဆိုတာတွေကို ရယ်မောဖွယ်ရာ ကြည့်ရှုရမဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်…