ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများ ကြုံတွေ့ရတတ်တဲ့အခက်အခဲကို သေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ အီယူရီဆိုတဲ့ကလေးမလေးက အတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမဲ့ တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့် သူငယ်ချင်းတစ်ယောက်မှမရှိသူပါ။
ဒါပေမဲ့ တစ်နေ့မှာတော့ အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့ သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားပါတော့တယ်။ ဂျစ်ပစီမလေး ယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာ ရုတ်တရက်ယူရီက သေဆုံးသွားခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ ယူရီသေဆုံးရတဲ့အကြောင်းအရင်းကို လိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ?ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ? ယယ်နာကရော ယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာ ကြည့်လိုက်ကြရအောင်။ သားသမီးတွေကို ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ အဆိပ်တွေပေးနေမိမှန်းမသိတဲ့ မိဘတွေလည်းရှိပါတယ်။ ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမဲ့ လူငယ်တွေရော ၊ လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရော ကြည့်ရှုသင့်တဲ့ကားလေးပါ။
#ToxicParents #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar