မြန်မာနိုင်ငံမှာ ပလာတာတိုအီကြာကွေးတိုလို
မသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်း Cereal လိုခေါ်တဲ့နွားနိုနဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။
အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတိုဆီမှာဟိုးအရင်ခေတ်တွေကတည်းက Cereal ကရှိနေခဲ့တာဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့ Unfrosted လိုခေါ်တဲ့ဇာတ်ကားလေးကတော့ အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှ အခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လိုမဆိုးတဲ့သမိုင်းကြောင်းကို ပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လိုခေါ်တဲ့မြိုတစ်မြိုမှာ ကယ်လော့နဲ့ပိုစ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပိုစ်ပဲဖြစ်ပြီး သူတိုတွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖိုကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။ စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ပိုစ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတိုကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။