ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး။
၁၉၀၇-ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကိုသိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်းပိုက်ဖို့အတွက် Plan ကြီးဆွဲထားခဲ့တယ်။ အဲဒီအချိန် ဘုရင်ရဲ့ အမိန့်နဲ့ ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ကို ကယ်တင်ချင်တဲ့စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…