What's happening?

Video Sources 328 Views Report Error

  • About a Place in the Kinki Region (2025)
About a Place in the Kinki Region

About a Place in the Kinki Region

My friend has vanished — and something isn't right with this place.Aug. 08, 2025103 Min.
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

About a Place in the Kinki Region (2025)

IMDb Rating : 6.3/10
*************************************

သရဲကား၊ သည်းထိတ်ရင်ဖိုကားထဲမှာမှ Found Footage ကားတွေကိုခုံမင်တဲ့ ပရိသတ်တွေအတွက် ဂျပန်ဘက်က အသစ်ထွက်လာတဲ့ အကြီးစား Item ကြီးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားက ရိုးရိုးသရဲခြောက်တာထက် စိတ်ကိုတဖြည်းဖြည်း ခြောက်ခြားလာအောင်လုပ်တဲ့ Psychological Horror အမျိုးအစားဖြစ်တဲ့အပြင် သွေးထွက်သံယိုတွေ Slasher ဆန်ဆန်တွေ တော်တော်လေးပါတာဖြစ်လို့ အသည်းငယ်သူတွေ၊ ကြောက်တတ်သူတွေ လုံးဝ (လုံးဝ) မကြည့်သင့်ပါဘူး။ ညဘက်တစ်ယောက်တည်းကြည့်ရင် အိမ်သာတောင် ထမသွားရဲဖြစ်မဲ့ ထမင်းစားပျက်စေမဲ့ ကားမျိုးပါ။

ဒီကားက ဂျပန်မှာ Viral ဖြစ်ခဲ့တဲ့ နာမည်ကြီး Web Novel ကို ပြန်ရိုက်ထားတာပါ။ ဒါရိုက်တာကလည်း J-Horror ဖန်တွေကြားမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံထားရတဲ့ Noroi: The Curse တို့ Occult တို့ရဲ့ ဖန်တီးရှင် Koji Shiraishi ဆိုတော့ ကွာလတီပိုင်းကတော့ ပြောစရာမလိုပါဘူး။

သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းထောက်လှမ်းတဲ့ Occult မဂ္ဂဇင်းတစ်ခုက အယ်ဒီတာတစ်ယောက် ရှယ်ဆောင်းပါးတစ်ပုဒ်ထုတ်ဝေမယ်လို့ အကြီးအကျယ်ကြေညာပြီး စာမူကြမ်းမအပ်ခင်မှာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။

မဂ္ဂဇင်းတိုက်က သူ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်နဲ့ စာရေးဆရာက သူ့ရဲ့ စပယ်ရှယ်ဆောင်းပါးဆိုတာကြီးကို လိုက်စုံစမ်းရင်းနဲ့ အယ်ဒီတာပျောက်မသွားခင် စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို တွေ့လာရတာပေါ့။

ကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခု မဆိုင်သလိုပဲ…

တောင်ပေါ်မှာပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း၊ ကျောင်းသားတွေကြားက ထူးဆန်းတဲ့ အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်မှု၊ အင်တာနက်ပေါ်က သရဲဗီဒီယိုတစ်ခု…။

ဒါပေမဲ့ သေချာဆက်စပ်ကြည့်လိုက်တဲ့အခါ ဒီအဖြစ်အပျက်အားလုံးက “ကင်းခိ ဒေသက နေရာတစ်ခု” ကိုပဲ ဦးတည်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ…

About a Place in the Kinki Region
About a Place in the Kinki Region
About a Place in the Kinki Region
About a Place in the Kinki Region
Original title 近畿地方のある場所について
IMDb Rating 6.3 10 votes
TMDb Rating 6.6 7 votes

Similar titles

Maid Droid
Confess to Your Crimes
The Lost Legend ( 2023 )
The Conjuring
Island Escape
The Pope’s Exorcist
History of Evil
Bone Tomahawk
War of the Worlds: The Attack
Yaaro
Pindam
The Bride!

Leave a comment