What's happening?

Video Sources 542 Views Report Error

  • Watch traileryoutube.com
  • Sham (2025)Unknown resource
Sham

Sham

Jun. 27, 2025Japan129 Min.
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Sham (2025)

ဒီကားက ဂျပန်ရဲ့ နာမည်ကြီး ဒါရိုက်တာ ” Takashi Miike (Crows Zero, Audition တို့ရဲ့ ဒါရိုက်တာ) ရိုက်ကူးထားတာဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်က ဖူကူအိုကာမြို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဆရာတစ်ယောက်အပေါ် စွပ်စွဲချက် (Fukuoka Murder Teacher Case) စာအုပ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ကားကြီး ဖြစ်ပါတယ်။

ဇာတ်လမ်းက တကယ့်ကို ရင်တလှပ်လှပ်နဲ့ ဒေါသထွက်စရာ၊ တွေးတောစရာကောင်းလွန်းလို့ ဇာတ်လမ်းအကျဉ်းလေး ပြောပြပေးလိုက်ပါရစေ။

ဇာတ်လမ်းကတော့

စာသင်ကျောင်းလေးတစ်ခုမှာ မိမိအလုပ်ကို ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်နေတဲ့ မူလတန်းပြဆရာဆီကနေ စတင်ပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ ဆရာဖြစ်သူရဲ့ လူမျိုးရေးခွဲခြားပြီး ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုကြောင့် စိတ်ဒဏ်ရာရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုပြီး ကျောင်းကို လာရောက်တိုင်ကြားပါတော့တယ်။

ကျောင်းအုပ်ကြီးက ကျောင်းနာမည်ပျက်မှာကြောက်လို့ ဆရာကို အတင်းအကျပ် အတင်းအဓမ္မဝန်ခံခိုင်းပြီး မိဘတွေကို တောင်းပန်ခိုင်းပါတယ်။ ဒါပေမဲ့ ကိစ္စက အဲဒီမှာတင်မပြီးဘဲ သတင်းထောက်တွေ ဒီသတင်းကို နာမည်အစစ်နဲ့တကွ တစ်နိုင်ငံလုံးသိအောင် “လူသတ်သမားဆရာ” ဆိုပြီး အကြီးအကျယ် ချဲ့ကားဖော်ပြလိုက်တဲ့အခါ…

အဲဒီဆရာဟာ လူ့အဖွဲ့အစည်းရဲ့ ကဲ့ရဲ့ရှုတ်ချမှုကိုခံရပြီး ချက်ချင်းဆိုသလို လူဗီလိန်ကြီး ဖြစ်သွားတော့တာပေါ့။ အဲဒီနောက် ရှေ့နေပေါင်း ၅၀၀ ကျော် ပါဝင်တဲ့ အကြီးစား အရပ်ဘက်တရားစွဲဆိုမှုကြီး ဖြစ်လာတဲ့အခါမှာ ဆရာဖြစ်သူက တရားခွင်ထဲမှာ “ဒါတွေအားလုံးဟာ လုံးဝ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးမှု သက်သက်ပဲ!” လို့ အသံကုန်အော်ပြီး ငြင်းဆိုလိုက်တဲ့အခါ တရားဖြစ်ရပ်က ဘယ်သူ့ကို ယုံရမှန်းမသိတဲ့ “ဘက်နှစ်ဘက် အမှန်တရားစစ်ပွဲ” ဖြစ်လာပြီး အမေဖြစ်သူဖက်က ရှုထောင့်၊ ကျောင်းဆရာဖက်က ရှုထောင့်ဆိုပြီး ပြသပေးပြီး အမှန်တရားကို ချပြသွားမှာပဲ ဖြစ်ပါတယ်။

Sham
Sham
Sham
Sham
Original title でっちあげ 〜殺人教師と呼ばれた男
TMDb Rating 7.6 8 votes

Similar titles

True Justice: Family Ties
Joker
The Red Thread
The Shawshank Redemption
Operation Fortune: Ruse de Guerre
Hipak
Delusyon
Penjagal Iblis: Dosa Turunan
The Birthday Boy
Ang Kapitbahay
Black Bag
Atharva

Leave a comment