
A Talent for Murder (2026)
++++++++++
ဒီဇာတ်ကားလေးကတော့ စာရေးဆရာပေါက်စတစ်ယောက်က နာမည်ကျော်စာရေးဆရာမတစ်ယောက်ကို စာအုပ်ဆက်ရေးပေးဖို့ စည်းရုံးရင်း လူသတ်မှုတစ်ခုကို စဉ်းစားပုံဖော်ကြတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
နယူးယော့ခ် စာအုပ်တိုက်မှာ အလုပ်လုပ်တဲ့ တက်သစ်စ စာရေးဆရာ အက်ဒဝပ်ဟာ နာမည်ကျော်စာရေးဆရာမတစ်ယောက်ကို သူမရဲ့ နာမည်ကျော်လက်ရာကို စာအုပ်အဆက် ထပ်ထုတ်ပေးဖို့ လာရောက်စည်းရုံးဖို့ တာဝန်ပေးခံရပါတယ်။
အဲဒီစာရေးဆရာမကြီးက ထိတ်လန့်သည်းဖို စာအုပ်တွေနဲ့ နာမည်ကျော်လာပြီးနောက်ပိုင်းမှာ စာပေအသိုင်းအဝိုင်းကနေ ထွက်ခွာသွားပြီး ဥရောပမှာ ဇာတ်မြုပ်နေထိုင်နေတဲ့သူပါ။
အဲဒီစာရေးဆရာမကြီးက တော်တော်ကြောက်ဖို့ကောင်းပြီး စာအုပ်တိုက်က လွှတ်လိုက်တဲ့သူတိုင်းကလည်း အဲဒီဆရာမကြီးကို မစည်းရုံးနိုင်ဘဲ ကြောက်လန့်တကြားနဲ့ လက်လျှော့ပြီး ပြန်လာရသူတွေချည်းပါ။
ဒီတော့ အက်ဒဝပ်အနေနဲ့ သူ့ကို စာအုပ်အသစ်ဆက်ထုတ်ဖို့ စည်းရုံးနိုင်မလား၊ ဒီစာအုပ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနိုင်ဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။