အမျိုးသမီးစစ်သည်တော်တစ်ယောက်က Roman အင်ပါယာကို ချေမှုန်းမယ်လို့ ဖိနှိပ်ခံမျိုးနွယ်စုအချို့ရဲ့ယုံကြည်မှုကြောင့် Roman အင်ပါယာအရှင်က အမျိုးသမီးတွေကို အုပ်ချုပ်ခံရာထူးတွေကနေ ဖယ်ရှားပြီးတော့ နေရာမပေးဖို အမိန့်ထုတ်ပြန်ခဲ့တယ်။ Boudica က Iceni မျိုးနွယ်စုရဲ့ ဘုရင်မဖြစ်ပြီးတော့ ယောကျာ်းဖြစ်သူ ဘုရင် Prasutagus ရဲ့ ချစ်မြတ်နိုးမှုအောက်မှာ သမီးအမြွှာလေး ၂-ယောက်နဲ့အတူ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေသူဖြစ်တယ်။ တစ်နေ့မှာတော့ သစ္စာဖောက်တစ်ယောက်ကြောင့် ဘုရင် Prasutagus ဟာ Roman စစ်သည်တော်တွေ သတ်ဖြတ်တာကိုခံလိုက်ရတယ်။
သားယောကျာ်းလေး အမွေဆက်ခံသူမရှိတာကြောင့် Boudica ဟာ ဘုရင်မနေနဲ့ Iceni မျိုးနွယ်စုကို ဆက်အုပ်ချုပ်ဖိုစီစဥ်ခဲ့ပေမဲ့ Romanအင်ပါယာက လက်မခံဘဲနဲ့ Boudica ကို ဆိုးဆိုးရွားရွားအပြစ်ပေးခဲ့တဲ့အပြင် သမီး ၂-ယောက်လုံးကိုလည်း သတ်ဖြတ်ပစ်လိုက်တယ်။ လက်စားချေချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ Boudica ကို Trinovate မျိုးနွယ်စုက လူတွေက Boudica ဟာ သူတိုကို Roman အင်ပါယာလက်ထဲကနေကယ်တင်ပေးမဲ့ အမျိုးသမီးစစ်သည်တော်လို ယုံကြည်နေကြပါတယ်။ မိသားစုကိုသတ်ဖြတ်ခဲ့တဲ့ Roman အင်ပါယာကို Boudica တစ်ယောက် ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုကြပါဦး…
#Boudica #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar