ယောက်ျား ၊ မိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲ ဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိုး ရိုက်ကူးပြထားတဲ့ကား။
ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာ သူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀- ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်က ယောက်ျားသားတွေက လာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲ ဝင်ပါပါနေမိတဲ့သူတွေ၊
ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ်၊ မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ၊ ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ? သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့…
#BuheBariyan #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar