
I Was a Stranger (2025)
++++++++++
IMDb Rating (8.6) / Rotten Tomatoes (76%)
ဒီဇာတ်ကားလေးကတော့ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ ဆီးရီးယားပြည်သူ စစ်ဘေးဒုက္ခသည်တွေကြုံတွေ့နေရတဲ့ ဆင်းရဲသောကတွေအကြောင်း ကောင်းကောင်းကြီးတင်ဆက်ပြသထားတဲ့ ရုပ်ရှင်ကားလေးပါ။
နေထိုင်ရာဒေသတွေ၊ နောက်ခံဘဝတွေ၊ အလုပ်အကိုင်တွေ မတူညီကြတဲ့ စစ်ဘေးဒုက္ခသည် မိသားစု 5-ခုကို အဓိကအနေနဲ့ ရိုက်ကူးပြထားပြီး နောက်ဆုံးမှာပြန်လည် ချိတ်ဆက်ပေးထားတဲ့ ပုံစံမျိုးနဲ့ တင်ဆက်ထားတာပါ။
ဒီရုပ်ရှင်ဟာ ဆီးရီးယား စစ်ဘေးဒုက္ခသည် 14-သန်းကျော်ရဲ့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး စစ်ပွဲအတွင်းက ခါးသီးလှတဲ့ ဘဝအမှန်တွေကို သေချာမီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက မိသားစု 5-စုကရော ဘေးကင်းလုံခြုံရာဆီမှာ ခိုလှုံခွင့်ရသွားမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။