What's happening?

Video Sources 524 Views Report Error

  • Watch traileryoutube.com
  • Society of the Snow (2023)Unknown resource
Society of the Snow

Society of the Snow

Based on a remarkable true story.Dec. 13, 2023Spain | Chile | Uruguay | United States144 Min.R
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Society of the Snow ဟာ လာမဲ့အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅-ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂-ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့‌ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။  Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။

Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆-အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂-တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမဲ့စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။

ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ ၁၆-ယောက်ရှိတယ်။ ဒီထဲက ၁၅-ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။
ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည် ၄၀-မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉-ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။

Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။

#SocietyoftheSnow #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Society of the Snow
Original title La sociedad de la nieve
IMDb Rating 7.9 19,581 votes
TMDb Rating 8.126 306 votes

Director

J. A. Bayona
Director

Cast

Enzo Vogrincic isNuma Turcatti
Numa Turcatti
Agustín Pardella isFernando 'Nando' Parrado
Fernando 'Nando' Parrado
Matías Recalt isRoberto Canessa
Roberto Canessa
Tomas Wolf isGustavo Zerbino
Gustavo Zerbino
Diego Vegezzi isMarcelo Pérez del Castillo
Marcelo Pérez del Castillo
Esteban Kukuriczka isAdolfo 'Fito' Strauch
Adolfo 'Fito' Strauch
Francisco Romero isDaniel Fernández Strauch
Daniel Fernández Strauch
Rafael Federman isEduardo Strauch Urioste
Eduardo Strauch Urioste
Agustín Della Corte isAntonio 'Tintin' Vizintín
Antonio 'Tintin' Vizintín

Similar titles

Train Dreams
Winny
Dahanam
Mercury Rising
Rules Ranjann
The Remnant
Maidaan
Wild Eyed and Wicked
Nothing Ever Happened
Zero Dark Thirty
Anchakkallakokkan
OK Baytong

Leave a comment