What's happening?

Video Sources 471 Views Report Error

  • License (2023)
License

License

Nov. 03, 2023n/A118 Min.n/A
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

“မိန်းကလေးတစ်‌ယောက်အနေနဲ့ မွေးဖွားလာရတာ ကျိန်စာလိုပါပဲလား”

“ဒီလိုမိန်းကလေးတွေရဲ့ဘဝမျိုး ဘယ်သူမှ မကြုံရပါစေနဲ့”(အင်ဒရာ)

ဒီစကားတွေကတော့ အမျိုးသမီးတွေဆိုရင် နင်းပြားသာသာဖိနှိပ်ချင်လွန်းတဲ့ ယောက်ျားသားတွေကြားမှာ ရှင်သန်ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုရဲ့သားကောင်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နောက်ဆုံးဖွင့်ဟဝန်ခံချက်တစ်ခုပေါ့။ ဒီဇာတ်ကားလေးကတော့ မိန်းကလေးတွေဟာ အားနည်းတယ်၊ ပျော့ညံ့တယ်၊ ယောက်ျားတွေလက်အောက်မှာပဲနေရမယ် စသည် စသည်ဖြင့် အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ထားတဲ့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးအတွက်တိုက်ခိုက်မဲ့ ဆရာမလေးဘာရသီအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုပါ။

ဘာရသီလို့ခေါ်တဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်ဓာတ်ရှိတဲ့သူတစ်ယောက်ပါ။ မဟုတ်တာလုပ်ရင် အပြစ်ပေးခံရမယ်၊ ကောင်းတာလုပ်ရင် ချီးကျူးပေးရမယ်ဆိုတဲ့စိတ်မျိုးရှိတဲ့သူပါ။ ရဲအရာရှိဖြစ်တဲ့ အဖေကိုကြည့်ပြီး ကြီးလာတဲ့အခါ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ့်ရဲအရာရှိဖြစ်ရမယ်ဆိုပြီး စိတ်အားထက်သန်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ အမှားတွေမကျူးလွန်အောင် သွန်သင်ဆုံးမပေးလို့ရမဲ့ ဆရာမတစ်ယောက်ပဲဖြစ်လာခဲ့ပါတော့တယ်။
ဒါပေမဲ့ သူ့ရဲ့မဟုတ်မခံစိတ်ဓာတ်ကတော့ မပျောက်ကွယ်သွားခဲ့ပါဘူး။ အမှုကိစ္စတွေရှိလာတဲ့အခါ တရားမျှတမှုရအောင် အမျိုးမျိုးကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ အိမ်ရှင်မတစ်ယောက်လည်းဖြစ် ဆရာမတစ်ယောက်လည်းဖြစ်ပေမဲ့ မတရားမှုတွေကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဒါပေမဲ့လည်း ဘာရသီတစ်ယောက် အမျိုးသမီးတွေအတွက် တိုက်ခိုက်ပေးနေတာက patriarchist‌ တွေအတွက်တော့ မျက်စိဆံပင်‌မွေးဆူးစရာဖြစ်နေတာပေါ့။ တစ်နေ့မှာ sexual assault ရဲ့သားကောင်ဘဝရောက်သွားတဲ့ ဘာရသီရဲ့ bff ဖြစ်တဲ့ အင်ဒရာတစ်ယောက် ဘဝလမ်းဆုံးကို ရွေးချယ်သွားချိန်မှာတော့ ကိုယ်တိုင်လည်း သမီးတစ်ယောက်မွေးထားတဲ့မိခင်၊ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့ ဘာရသီဟာ မတရားမှုကို ကြည့်မနေနိုင်တော့ဘဲ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်‌အောင် ၁၈ -နှစ်အထက်အမျိုးသမီးများ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ရဖို့ သူကိုယ်တိုင်ဦးဆောင်ကြိုးပမ်းပါတော့တယ်။တရားဝင်သတ်မှတ်ထားတဲ့အသက်က ၂၁-နှစ်ပေမဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေ လိင်အကြမ်းဖက်မှုသားကောင်ဖြစ်ရတာ အဆမတန်များလာလို့ မိန်းကလေးတွေကို ၁၈- နှစ်မှာ တရားဝင်သေနတ်ကိုင်‌ဆောင်ခွင့်တောင်းဆိုပေမဲ့ အမျိုးသမီးတွေ‌ဆိုတာနဲ့ကို ဆင်ခြေမျိုးစုံ ပေးချင်တဲ့ ပြည်ထဲ‌ရေးဝန်ကြီးဌာနနဲ့ လိုအပ်လို့လားဆိုပြီး မေးခွန်းထုတ်ချင်တဲ့ အမျိုးသားထုကြီးကို ဆန့်ကျင်လို့ ဘာရသီရဲ့တရားမျှတမှုရအောင် ကြိုးပမ်းပုံတွေနဲ့ သူမရဲ့ဒီစိတ်ဓာတ်ကြောင့် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

#License #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

License
Original title லைசென்ஸ்
IMDb Rating n/A n/A votes
TMDb Rating 7 1 votes

Director

Cast

Radha Ravi isTirunavukkarasu
Tirunavukkarasu
Pazha Karuppaiah isMinister of Law
Minister of Law
Abi Nakshathra isTeenage Bharathi
Teenage Bharathi
Namo Narayanan isMLA Aalavanthan
MLA Aalavanthan
Vaiyapuri isHead Constable
Head Constable

Similar titles

My Child Has My Doctor’s Face
Eye for an Eye
13 Assassins
Which Brings Me to You
In Her Room
The Remnant
Sad Movie
Forever
Nothing Ever Happened
Baby Assassins: Nice Days
Juni
Roofman

Leave a comment