
The Holy Man 2 (2008)
IMDb Rating : 5.3/10
ဒီဇာတ်ကားမှာကတော့ ပထမပိုင်းက “ဘုန်းကြီးထင်”တစ်ပါး တိဗက်ပြည်ကို တရားအားထုတ်ဖို့ကြွသွားတဲ့အချိန်ကစပြီး ဇာတ်အိမ်တည်ထားတဲ့ ထိုင်းဟာသကားလေးပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ လူထွက်တော့မဲ့ ဂီတသမားဟောင်း “ဦးဇင်းဂျိုအေ့” ဟာဘုန်းကြီးကျောင်းလေးတစ်ကျောင်းမှာ ခေတ္တလာရောက် သီတင်းသုံးဖြစ်ပါတယ်။
အဲဒီရွာငယ်လေးနဲ့ဘုန်းကြီးကျောင်းဟာ အတော်လေးကိုအခြေအနေဆိုးနေခဲ့ပါတယ်။
ကျောင်းအနီးမှာရှိတဲ့ ကျောက်ခွဲစက်ရုံကြောင့် ဖုန်မှုန့်တွေ၊ ကျောက်ခဲတွေဟာ ခေါင်မိုးပေါ်ကျလာပြီး အဆင်မပြေမှုတွေများနေပါတယ်။
အာဏာရှိတဲ့စက်ရုံပိုင်ရှင်ဟာ ဘုန်းကြီးကျောင်းကိုဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံနဲ့အကွက်ချလာသလို ၊ တစ်ဖက်မှာလည်း “ဦးဇင်း ဂျိုအေ့”ဟာ ရွာသားတွေနဲ့စုပေါင်းပြီး ကျောင်းတော်ကြီးကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ……
ရွာငယ်လေးရော ပြန်လည်ငြိမ်းချမ်းမလား…
“တကယ့်ချမ်းသာခြင်းက ဘယ်မှာရှိတာလဲ” ဆိုတဲ့အဖြေကိုလည်း ရယ်မောရင်းနဲ့ ကြည့်ကြလိုက်ရအောင်…